The Worst Timing
"Boy In Luv" နှင့်မတူဘဲ BTS ၏သီချင်းအသစ် "Danger" ဟာ ဂီတရှိုးပြိုင်ပွဲတွင် ပထမနေရာမှ ပါဝင်လာခြင်းမရှိပေ။
Gaon Chart အရ DARK&WILD ရဲ့ တင်ပို့မှုမှာ အစီးရေ 100,906 ရှိပြီး အဆင့် 14 နေရာမှာ ရှိနေခဲ့ပါတယ်။ ဒါက အစောပိုင်းနှစ်ဝက် Skool Luv Affair မှ တင်ပို့မှု့ 14,902 ယူနစ်ထက် တိုးလာခဲ့တာဖြစ်ပြီး လုံးဝတိုးတက်မှုမရှိတာထက်စာရင်တော့ ကောင်းမွန်ခဲ့ပါတယ်။သူတို့ကို သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေဆီသို့ တွန်းပို့ခဲ့ပြီး အားလုံးရဲ့ အမြင့်ဆုံးမျှော်လင့်ချက်တွေကို ပေးခဲ့တဲ့ အယ်လ်ဘမ်ဟာ "sweet,bitter,sweet,bitter" လိုပဲ အဆုံးသတ်သွားတဲ့အခါ အဖွဲ့ဝင်များက စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြတယ်။
ဒါက ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်ဖြစ်ပြီး ဂီတရှိုးရိုက်ကူးမှုအတွင်း နှိမ့်ချခံရမှုနဲ့တော့ မသက်ဆိုင်ပါဘူး။
ဒါက SUGA က ညည်းတွားရတဲ့ အကြောင်းရင်းပါပဲ...... "ဒီအရာကြောင့် ငါတို့ အများကြီးပင်ပန်းခဲ့ရတာလေ..... ဘာလို့လဲ...?"SUGA ရဲ့စိတ်ပျက်မှု့က နောက်ဆုံးတွင်တော့ "The Most Beautiful Moment In Life" အယ်လ်ဘမ်စီးရီးမှတစ်ဆင့် သူ၏စိတ်ဝိညာဉ်ကို ဂီတထဲသို့ သွန်းလောင်းရန် တွန်းအားပေးလိုက်ပါတယ်။ ဒါပေမယ့် DARK&WILD ထွက်ရှိလာချိန်မှာတော့ BTS မှာ အနာဂတ်ရှိမရှိကို ဘယ်သူမှမသိခဲ့ကြပါဘူး။
SUGA
""Danger" အတွက် MV မရိုက်ခင်အထိ ကကွက်ကို ပြောင်းနေတုန်းပါပဲ။ ကျွန်တော်တို့ အကကို အစမ်းလေ့ကျင့်ပြီး အချိန်နည်းနည်းရှိရင် ဆယ်မိနစ်လောက် အိပ်ပြီး MV ရိုက်ကူးဖို့ ပြန်သွားရတယ်။ ပြီးတော့ အဲ့တုန်းကပေါ့ 'ဘုရားသခင်ရှိနေတယ်လို့ ငါထင်ခဲ့တယ်၊ ဒါပေမယ့် ဒီအချိန်မှာ ငါတို့က ဘုရားသခင်ဆီက နည်းနည်းလောက်တောင် မထိုက်တန်ဘူးလား' ၊ အနည်းဆုံးတော့ "ဟေ့ကောင်တွေ မင်းတို့တွေ တကယ်ကြိုးစားခဲ့ကြတယ်"၊ အဲဒီလို အသိအမှတ်ပြုတာမျိုးတော့ လိုချင်ခဲ့တာပေါ့။"
YOU ARE READING
BEYOND THE STORY
Non-Fictionကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...