Chapter 1 (Jin)

38 14 0
                                    

Training Dorm Life

Jin
"ငါ့ကို အရူးလုပ်ခဲ့ကြတာ"

2011 နွေဦးရာသီတုန်းက Big Hit entertainment မှာ သူပါဝင် သရုပ်ဆောင်ခဲ့တဲ့ အကြောင်းကို ပြန်တွေးမိရင် ရယ်ချင်တယ်။
သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ တာဝန်ခံက နည်းပညာပိုင်းအရ မထွန်းကားသေးတဲ့ အချိန်မှာတောင် ကတိတွေ အထပ်ထပ်ပေးခဲ့တာလေ

Jin
"ဒီနေ့ခေတ် Idol တွေ ဘယ်လိုသရုပ်ဆောင်ရလဲဆိုတာ ကြည့်လိုက်ပါဦး၊ နောက်ဆို မင်းကို သရုပ်ဆောင်တစ်ယောက်ဖြစ်အောင် လုပ်ခွင့်ပေးမယ် ဆိုပြီး သွေးဆောင်ခဲ့ကြတာ။ သူတို့က အတော်ကို စည်းရုံးရေးကောင်းကြတယ်"

အမှန်တော့ အဲ့အချိန်တုန်းက Idol group တစ်ခုရဲ့ အဖွဲ့ဝင်တစ်ယောက်ဟာ သရုပ်ဆောင်တစ်ယောက် အနေနဲ့ပါ တစ်ပြိုင်နက်ထဲအလုပ်လုပ်ဖို့ဆိုတာ တကယ်ကို မလွယ်ကူပါဘူး။ တချို့အဖွဲ့ဝင်တွေက သီချင်းဆိုတာ ကပြတာတွေနဲ့ ပရိသတ်တွေကို စည်းရုံးနေချိန်မှာ နောက်ထပ် အဖွဲ့ဝင်တွေအနေနဲ့ ရသစုံရှိုးတွေမှာ ပါဝင်ပြီး ပရိသတ်တွေ သိလာအောင် တစ်ဖက်တစ်လမ်းကနေ idol market ကို ဖြန့်ပြီး ဆွဲဆောင်ရတာပါ

BTS ကိုလူကြိုက်များမှု မြင့်တက်လာတာနဲ့အမျှ နိုင်ငံရပ်ခြားမှာ သရုပ်ဆောင်ရမှုများလည်း ပိုမိုများပြားလာခဲ့ပါတယ်
Korea ရဲ့ idol စျေးကွက် ချဲ့ထွင်လာသည်တာနဲ့ အမျှ idol တွေ အတွက် သရုပ်ဆောင် အခွင့်အရေးတွေပါ နည်းပါးလာတော့တာပါ

Jin အတွက်ကတော့ BTS နဲ့ ကမ္ဘာတဝှမ်းက အားကစားကွင်းတွေမှာ ဖျော်ဖြေရေးတွေလုပ်ရင်း အရမ်းအလုပ်များလာတာကြောင့် ဂီတသမားတစ်ယောက်အနေနဲ့ သူ့အလုပ်ကိုပဲ အာရုံစူးစိုက်ပြီး လုပ်ရမှာကြောင့်လည်း ဖြစ်ပါတယ်

ဒါပေမယ့် ယနေ့အချိန်အထိ idols တော်တော်များများဟာ တစ်ချိန်တည်းမှာ သရုပ်လည်းဆောင်ရင်းသီချင်းတွေလည်း ဆိုနေကြဆဲပါ။
Jin ကတော့ သရုပ်ဆောင်မေဂျာကို ရွေးချယ်ပြီး တက္ကသိုလ်တက်ခဲ့ပါတယ်

ယေဘူယျအားဖြင့် သူရဲ့ အနုပညာလှုပ်ရှားမှုတွေကို သိချင်စိတ်ကနေပဲ idol ဂီတကို စိတ်ဝင်စားလာခဲ့ပါတယ်။

BEYOND THE STORYWhere stories live. Discover now