Chapter 2 (The Sad Rookie Kings)

19 6 0
                                    

The Sad Rookie Kings

သူတို့ရဲ့ ပွဲဦးထွက် showcase မှာ ကြေငြာခဲ့သလို BTS ဟာ 2013 ခုနှစ်မှာ ရှင်သန်နိုင်ခဲ့ပါပြီ။

သူတို့ရဲ့ ပထမဆုံး အယ်လ်ဘမ် 2 COOL 4 SKOOL (ဇွန် 2013 မှာထွက်ရှိခဲ့တဲ့) နဲ့ သူတို့ရဲ့ နောက်ဆက်တွဲ အယ်လ်ဘမ် O!RUL8,2? (ထိုနှစ်စက်တင်ဘာတွင်ထုတ်ခဲ့သည်) တို့က Gaon Chart ရဲ့ 2013 အယ်လ်ဘမ်အဆင့်သတ်မှတ်ချက်တွင် အဆင့် 65 နှင့် 55 အသီးသီးရရှိခဲ့ပါပြီ။

ဒါက ထိုနှစ်အတွင်း ပွဲဦးထွက်သော idol အဖွဲ့များအားလုံးထဲမှာ အကောင်းဆုံးပြသမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

BTS ဟာ Melon Music Awards (MMA)၊ Golden Disc Awards၊ Seoul Music Awards နှင့် Gaon Chart Music Awards အပါအဝင် 2013 နှစ်ကုန်တွင် ကျင်းပခဲ့သော အဓိက ကိုရီးယားဂီတဆုများအားလုံးတွင် အကောင်းဆုံးအနုပညာရှင်သစ်ဆုများကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Mnet ကပေးတဲ့  MAMA Award တော့မပါဝင်ခဲ့ပါဘူး

ဒါပေမယ့် သူတို့ဆုယူဖို့အတွက် တက်ရောက်ခဲ့တဲ့ ဆုပေးပွဲတွေက သူတို့လက်တွေ့အခြေအနေမှာ ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာကို သင်ပေးလိုက်သလိုပါပဲ

Jin
"MMA မှာ New Artists ဆုကို ရရှိခဲ့တုန်းက SHINee-sunbae တို့က Artist of the Year ဆုကို ရရှိခဲ့တယ်လို့ ထင်ပါတယ်
SHINee ကို ဟိုတုန်းက ကိုရီးယားက မသိတဲ့သူရှိကြလား
BEAST နဲ့ Infinite သီချင်းအကြောင်းကိုလည်း လူတိုင်းသိကြပါတယ်
ဒါပေမယ့် ငါတို့အတွက်ကတော့ လူတွေက  "Those bulletproof vest guys" လို့ ခေါ်ခဲ့ကြတာပါ။"

ဆုပေးပွဲတွေမှာ BTS ကို ဘယ်သူမှ ဂရုမစိုက်ခဲ့ကြပါဘူး။
အများသူငှာ ချစ်ခင်နှစ်သက်ကြတဲ့ မရေမတွက်နိုင်သော အနုပညာရှင်များကို ချစ်ခင်အားပေးတဲ့ သူတွေသာရှိနေပြီး BTS အတွက်ကတော့ Big Hit Entertainment မှ တက်ရောက်တဲ့ တစ်ခုတည်းသောအဖွဲ့ဖြစ်တာကြောင့် အခြားအနုပညာရှင်များနဲ့ မိတ်ဆက်ပေးရန် ကုမ္ပဏီမှ လုပ်ဖော်ကိုင်ဖက်ဟောင်း တွေဆိုတာမျိုးလည်း မရှိခဲ့ပါဘူး။

BEYOND THE STORYWhere stories live. Discover now