Chapter 2 (The Big Picture)

26 9 0
                                    

The Big Picture

EXO , WINNER အဖွဲ့တို့လို အရင်းအနှီးများစွာသော ကျောထောက်နောက်ခံမရှိသော်လည်း BTS ရဲ့ ဘလော့ဂ်က သူတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးအတွက် ခိုင်မာသောပရိုမိုးရှင်းတစ်ခုဖြစ်ခဲ့ပါတယ်။

WIN: Who Is Next တွင် YG အင်တာတိန်းမန့်မှ သင်တန်းသားများကဲ့သို့ပင် BTS အဖွဲ့ဝင်များကလည်း သူတို့ရဲ့ တရားဝင်ပွဲဦးမထွက်မီ သူတို့ရဲ့တေးသီချင်းကို ထုတ်လွှင့်ခဲ့ပါတယ်။

ဒါ့အပြင် EXO ၏အဖွဲ့ဝင်တစ်ဦးချင်းစီ၏ ကြော်ငြာများကဲ့သို့ပင် BTS သည်လည်းပဲ လေ့ကျင့်ရေးစတူဒီယိုတွင် Jimin အက ကခြင်းဗီဒီယိုဖြင့် ဇန်နဝါရီ 12၊ 2013 တွင် အဖွဲ့ဝင်အသစ်များကို စတင်မိတ်ဆက်‌ပေးခဲ့ပါတယ်။

အခြားအကြောင်းအရာများမှာတော့ ခရစ္စမတ်မှာ အတူတကွ စားသောက်ပျော်ရွှင် နေကြသော အဖွဲ့ဝင်များ၏ ဗီဒီယိုများနှင့် တစ်ဦးချင်း vlog များ စသဖြင့် သဘာဝအတိုင်း ပွင့်ပွင့်လင်းလင်းပြောဆို ရိုက်ကူးခဲ့ကြပါတယ်။

BTS နှင့် Big Hit Entertainment တို့၏ ရည်ရွယ်ချက်က လေ့ကျင့်ရေး အတန်းရဲ့ လေ့ကျင့်ပုံတွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခွင့်ရရန် ရည်ရွယ်ပါတယ်

Jimin တစ်ယောက်တည်းအတွက် ဆိုရင်တော့ practice room ရဲ့နေရာက လုံလောက်ပုံရပေမယ့် အဖွဲ့ဝင်အားလုံးစုစည်းပြီး vlogs များရိုက်ကူးသည့် အခါမှာတော့ စတူဒီယိုက အလွန်သေးငယ်ပါတယ်။

ဒါပေမယ့်လည်း ဘလော့ဂ်မှာ idol fan တွေ သဘောကျစေမယ့် သူတို့ အကြိုက်ဆုံး Idolတွေဆီကနေ မြင်ချင်‌နေတာတွေ အားလုံးပါ၀င်အောင်ရိုက်ပြနိုင်ပါတယ်။

BTS အဖွဲ့ဝင်များက သူတို့ရဲ့ ရက်ပ်၊ သီချင်းဆိုခြင်းနှင့် အကစွမ်းရည်များပါဝင်အောင် အမျိုးမျိုး တင်ဆက်နိုင်သလို  Jin ကလည်းပဲ အိပ်ဆောင်တွင် ချက်ပြုတ်နေသည့် ဓာတ်ပုံများကိုပင် လွှင့်တင်ခြင်းဖြင့် သူတို့ရဲ့ စွမ်းရည်များကို vlog မှာ ရိုးသားစွာ ချပြ ပြသနိုင်ခဲ့ပါတယ်။

Jin
"ကုမ္ပဏီကဝန်ထမ်းတစ်ဦးက‌ ဒါကဒီ‌နေ့ခေတ်မှာ လူကြိုက်များတယ်လို့ ပြောတယ်
ဒါနဲ့ ငါတို့စမ်းကြည့်သင့်တယ် ဆိုပြီး စမ်းသပ်ကြည့်တာပါ တကယ်ကို ပျော်စရာကောင်းပါတယ်

BEYOND THE STORYWhere stories live. Discover now