Seven Dramas, One Medley
WINGS ထဲမှာ ပါဝင်တဲ့ တစ်ကိုယ်တော် သီချင်းခုနစ်ပုဒ်က အယ်လ်ဘမ်ရဲ့ ရင်ခုန်သံများဖြစ်ပြီး အဖွဲ့ဝင်တစ်ဦးစီရဲ့ ခရီးအတွက် လည်းအရေးကြီးတဲ့ ခြေလှမ်းတစ်ခုစီ ဖြစ်ခဲ့ပါတယ်။ WINGS ထုတ်လုပ်ရေးလုပ်ချိန်မှာ ဆယ့်ကိုးနှစ်ပြည့်ခဲ့တဲ့ Jung Kook က တစ်ကိုယ်တော်သီချင်း "Begin" နဲ့ အခြား BTS အဖွဲ့ဝင်များနဲ့ ပထမဆုံးတွေ့ဆုံမှုကို ပြန်လည်ရေးသားသီဆိုခဲ့ပါတယ်။
A 15-year-old me with nothing
The world was so big and I was so smallJung Kook က အဲ့ဒီ့အချိန်ကို ပြန်ပြောပြတယ်။
"အဲဒီတုန်းက "ကျွန်တော်" က တကယ်ကို ငယ်သေးတယ်။ မသိတာတွေအများကြီးရှိတယ်၊ ဒါကြောင့် တိကျတဲ့စိတ်ခံစားချက်တစ်ခုခံစားရရင် 'ဒီလိုခံစားရတာအဆင်ပြေရဲ့လား' လို့တွေးမိပါတယ်။"
I can't imagine anymore
The scentless and hollow me, me I pray
Love you my brother, thanks to all you guys Now I have feelings, I truly became meသီချင်းစာသားတွေက Jung Kook ကို တခြားအဖွဲ့ဝင်တွေက ဘယ်လိုပုံစံပြောင်းသွားစေတယ်ဆိုတာကို ပြသခဲ့ပါတယ်။
"ငယ်ငယ်တုန်းက စိတ်ခံစားမှုတွေ ရှိခဲ့တာပေါ့။ ဒါပေမယ့် သူတို့ဘာတွေလဲဆိုတာ ကျွန်တော်တကယ်မသိခဲ့တော့ ကြီးပြင်းလာတာနဲ့အမျှ ပိုလေ့လာလာခဲ့တယ်... ဒါကြောင့် ကျွန်တော့်ရဲ့ခံစားချက်တွေကို စာသားအတိုင်း ထုတ်ဖော်နိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။"
YOU ARE READING
BEYOND THE STORY
Literatura Faktuကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...