Bitter Again
အင်တာဗျူးတွေမှာ j-hope က ဘာမှဝင်ပြောလေ့မရှိပဲ တသမတ်တည်း ထားလေ့ရှိပါတယ်။ BTS ရဲ့ အကြီးမားဆုံး အခက်အခဲတွေနဲ့ အောင်မြင်မှုတွေကို ဆွေးနွေးနေချိန်မှာတောင် သူက ရည်ရွယ်ချက်ရှိရှိ လေ့လာသူလိုနီးပါး အမြဲတမ်း ခေါင်းအေးအေးထားနေတတ်ပါတယ်။
ဒါပေမယ့် တစ်ကြိမ်မှာတော့ j-hope ရဲ့အသံက စိတ်ခံစားမှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ဒီဇင်ဘာလ 3 ရက်၊ 2014 ခုနှစ် MAMA ဆုပေးပွဲအတွက်ဦးဆောင်ဆွေးနွေးခဲ့ရတဲ့ အခိုက်အတန့်တွေထဲမှ တစ်ခုမှာပေါ့
"အဲ့အချိန်က ကျွန်တော်တို့က "combat mood" မျိုး အမှန်တကယ်ရှိနေခဲ့တာ၊ အံ့အားသင့်စရာကောင်းတာက ကျွန်တော်တို့က မနက်ဖြန်ဆိုတာ မရှိတော့သလိုမျိုး လေ့ကျင့်မှု 300 လောက်ကို ရိုက်ကူးနေသလို လေ့ကျင့်ခဲ့ရတာ။
Block B နဲ့ ကျွန်တော်တို့ရဲ့ အခြေအနေက ထပ်တူကျနေတာကြောင့် ကျွန်တော်တို့က ဒီအခွင့်အရေးကို ဆုံးရှုံးလို့မရဘူးလို့တွေးခဲ့တယ်။
Jimin နဲ့ ကျွန်တော် တို့ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေမှုတွေအတွက် အံကြိတ်လေ့ကျင့်ခဲ့ရတယ်
ကျွန်တော်တို့ ဘယ်လောက်အထိ cool ဖြစ်ပြီး မိမိုက်နေတယ်ဆိုတာကို ပြဖို့ စိတ်နှလုံးတက်တက်ကြွကြွနဲ့ အကြွင်းမဲ့ ပြင်ဆင်ခဲ့တယ်။"
YOU ARE READING
BEYOND THE STORY
Literatura faktuကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...