Chapter 2 (You're in Danger)

22 7 0
                                    

You're in Danger

RM
"ခေါင်းစဉ်သီချင်းရေးတာ အရမ်းပင်ပန်းတယ်။ melody က လုံးစဉ်းစားလို့ ထွက်လာဘူးဆိုတော့ Bang Si-Hyuk နဲ့အတူ ကျွန်တော်တို့အားလုံး US မှာ အတူတူနေခဲ့ရတယ်... အရေးပေါ်အခြေအနေရောက်လုနီးပါးပါပဲ"

RM ပြန်ပြောပြသည့်အတိုင်း DARK&WILD ခေါင်းစဉ်သီချင်း "Danger" ၏ ဖန်တီးမှုလုပ်ငန်းစဉ်က ခက်ခဲပါတယ်။ ဒါက ယခင်အယ်လ်ဘမ်ရဲ့ ခေါင်းစဉ်သီချင်း "Boy In Luv" နှင့် သိသိသာသာ ကွဲလွဲနေပြီး  သီချင်းတစ်ပုဒ်ပြီးတာနဲ့ အလုပ်ခေါင်းစဉ်ကို အပြီးသတ်သတ်မှတ်လိုက်တာကြောင့်ပါ

အပြီးသတ်ပြီး အခြားတစ်ဖက်မှာတော့ "Danger" ရဲ့ နောက်ဆုံးဗားရှင်းမပြီးမချင်း ညှိနှိုင်းပြီးရင်း ညှိနှိုင်းကာ  ချိန်ညှိမှုတွေလိုအပ်နေခဲ့ပါတယ်

ဒီလို ရုတ်တရက်အခက်အခဲဖြစ်ရတဲ့ အကြောင်းရင်းမှာ idol အဖွဲ့အားလုံးရင်ဆိုင်နေရသော "leveling up" ပြဿနာ‌ကြောင့်ဖြစ်ပါတယ်။
BTS ကို နမူနာအဖြစ်ပြရရင် "No More Dream" ဟာ သူတို့ရဲ့ own right ရှိတဲ့ နာမည်ကြီးသီချင်းဖြစ်ပြီး သူတို့ကို အမျိုးသား Idol စျေးကွက်မှာ ခြေကုပ်ယူနိုင်စေခဲ့တာပါ။

ဒါပေမယ့် EXO နဲ့ Infinite တို့လို တည်ထောင်ထားတဲ့ အဖွဲ့တွေလို အဆင့်ကို တက်ချင်တယ်ဆိုရင်တော့ "No More Dream" ထက်တောင် ပိုတောက်ပတဲ့ hits song အများအပြားကို ဖန်တီးပေးနိုင်ရပါမယ်။
အထူးသဖြင့် ဒါဟာ idol အဖွဲ့များအတွက် အရေးကြီးတဲ့ နိယာမဖြစ်ပြီး ၎င်းတို့ရဲ့ ကျော်ကြားမှုက သူတို့ရဲ့ fandoms များတွင် အဓိက အမြစ်တွယ်နေပါတယ်။
နာမည်ကြီးသီချင်းတစ်ပုဒ်ဖန်တီးထားသည့်အရှိန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် Idol အဖွဲ့တစ်ခုသည် fandom ၏စကေးကို သိသိသာသာကြီးထွားစေမည့် ရင်သပ်ရှုမောဖွယ်သီချင်းများကို ဆက်လက်ထုတ်လုပ်ရမှာ အမှန်အကန်ပါပဲ။

မြင့်တက်လာသော အရောင်းများနဲ့ streams အရေအတွက်က မလုံလောက်ပါဘူး။
Leveling up ဖို့အတွက် ယခင်ထွက်ရှိခဲ့သည့် သီချင်းထက် ကျော်လွန်၍ အသစ်ထွက်ရှိထားသော သီချင်းကို ပရိသတ်တွေက ဝက်ဝက်ကွဲအားပေးတဲ့ တုံ့ပြန်မှုတစ်ခု လိုအပ်ပါတယ်။ ။
ယနေ့ခေတ် BTS ဟာ "I NEED U" "RUN" "Burning Up (FIRE)" "Blood Sweat & Tears" "Spring Day" "DNA" "FAKE LOVE" "IDOL" စီးရီးများဖြင့် အောင်မြင်နေခဲ့ပါပြီ။ ဒါတွေက သူတို့ရဲ့ fandom စကေးကို တသမတ်တည်းနှင့် သိသိသာသာ တိုးလာစေသည့် နောက်ထပ် hits များနောက်တွင် ပါသွားခဲ့ပါပြီ။

BEYOND THE STORYWhere stories live. Discover now