Chapter 3 (Idols and Fans)

16 6 0
                                    

Idols and Fans

BTS ဝန်းကျင်ရှိ "war" က BTS ကိုယ်တိုင်သာမက ပရိတ်သတ်တစ်ဦးအနေနဲ့ ARMY တွင်လည်း အရေးပါတဲ့အကျိုးသက်ရောက်မှုရှိသည်။ 2015 ခုနှစ်မှာ The Most Beautiful Moment In Life PT.1 ကို ထုတ်ဝေခြင်းနဲ့အတူ ARMY fandomက သိသိသာသာ ကြီးထွားလာခဲ့ပါတယ်။ fandom ကို အသေးအမွှားလို့ မခေါ်ဆိုနိုင်သလို သူတို့က ကြီးမားပြီး ခိုင်ခံ့တဲ့ ပေါင်းစပ်မှု့လို့လည်း ဆိုရခက်ပါတယ်။ လူကြိုက်များစပြုလာခဲ့တဲ့ အဖွဲ့တစ်ဖွဲ့အတွက် မျှော်လင့်ချက်ဖြစ်နိုင်ပေမယ့်သူတို့ရဲ့ fandom ဟာ ဆယ်ကျော်သက်အများစုပါဝင်‌နေပါတယ်။ တစ်နည်းဆိုရရင် သူတို့ရဲ့ war ကို အနိုင်ယူဖို့ fan ပမာဏ အများအပြားလိုအပ်နေခဲ့ပါတယ်။

အနိုင်ကျင့်တဲ့ idols တွေရဲ့ လိုချင်တဲ့ သက်ရောက်မှုတွေထဲက တစ်ခုကတော့ fan တွေ fandom ကို စွန့်ခွာသွားတာပါပဲ။ အွန်လိုင်းအသိုင်းအဝန်း ဒါမမဟုတ် သူတို့ရဲ့သူငယ်ချင်းများက အနှစ်သက်ဆုံး idol များကို ဝေဖန်တဲ့အခါမှာ ရွယ်တူချင်းဖိအားပေးမှု့က လွှမ်းမိုးမှုကြီးမားတဲ့ ဆယ်ကျော်သက်များအတွက် မလွယ်ကူပါဘူး။

ရယ်စရာကောင်းတာက BTS ဟာ 2015 မှ 2017 ခုနှစ်အတွင်း ဖြတ်သန်းခဲ့ရတဲ့အရာက BTS နဲ့ ARMY တို့ရဲ့ ဆက်ဆံရေးကို ထူးခြားတဲ့ အရာတစ်ခုအဖြစ် ပြောင်းလဲသွားစေခဲ့ပါတယ်။ BTS ဟာ သီးခြားရည်မှန်းချက်တစ်ခုရှိတဲ့အခါတိုင်း ARMY တွေကို ဦးစွာစဉ်းစားတာမျိုး ပိုကြီးမားတဲ့အမြင်ကို ကမ်းလှမ်းတာမျိုးကို လုပ်ခဲ့ပါတယ်။ ARMYက သူတို့အားလုံးကို BTS နယ်ပယ်မှာ ရှင်သန်ရပ်တည်နိုင်အောင် ကူညီပေးခြင်းသာမက နိုင်ငံတကာ စူပါစတားများဖြစ်လာစေခြင်းအထိ လုပ်ဆောင်‌ပေးခဲ့ပြီး ယနေ့ခေတ်မှာလည်း ARMY အများအပြားက လူ့အဖွဲ့အစည်းအတွက် နည်းလမ်းအမျိုးမျိုးနဲ့ ပံ့ပိုးကူညီနေကြပါတယ်။ BTS အတွက်တော့ ARMY ဟာ ပရိတ်သတ်များသာမက အပြည့်အဝအားပေးသူများ ဖြစ်ခဲ့ပြီး သူတို့ကို ကြီးမားတဲ့ brand တစ်ခု ဖြစ်လာစေခဲ့ပါတယ်။ ARMY ရဲ့ထူးခြားတဲ့ ဝိသေသလက္ခဏာများနဲ့ BTS နဲ့ သူတို့ရဲ့ အားကောင်းတဲ့နှောင်ကြိုးက ဘယ်နေရာက ပေါ်ပေါက်လာတယ်ဆိုတာကို‌တော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။ BTS လိုပဲ သူတို့ရှိနေခြင်းကို ကမ္ဘာပေါ်မှာ အသိအမှတ်ပြုလိုတဲ့ ပရိတ်သတ် တွေက အစပြုခဲ့ခြင်း ဖြစ်နိုင်ပါတယ်။
Idol လုပ်ငန်း မှန်ကန်ကြောင်း သက်သေပြနိုင်ရန်အတွက်  fandomကသူတို့ရဲ့ သြဇာလွှမ်းမိုးမှုကို ကြီးထွားစေခြင်းနဲ့ စတင်ရမှာ ဖြစ်ပါတယ်။ အခြားအကြောင်းရင်းတစ်ခုက cyber bullying များ ဆက်လက်ဖြစ်ပွားနေတာ‌ကြောင့်အဖွဲ့ဝင်များနဲ့ ပရိသတ်များက Twitter၊ YouTube၊ V Live စသည်ဖြင့် သူတို့ရဲ့ဆက်ဆံရေးကို တဖြည်းဖြည်း ခိုင်မာလာစေရန် ကြိုးစားကြပါတယ်။

BEYOND THE STORYWhere stories live. Discover now