2 Cool 4 Skool
O!Rul8,2?
Skool Luv Affair
Dark & Wild.........................
We will survive
BTS Debut: "Our Role Model is BIGBANG, we will survive"
BTS ၏တရားဝင်ပွဲဦးထွက်မတိုင်မီတစ်ရက်အလို၊ ဇွန်လ 12 ရက်၊ 2013 တွင် ကိုရီးယား သတင်းထုတ်လွှင့်ရေးဌာန Naver ၏သတင်းကဏ္ဍမှဆောင်းပါးတစ်ပုဒ်မှ ဆိုးလ်မြို့ Gangnam ခရိုင် Cheongdam-dong ရပ်ကွက်ရှိ Ilchi Art Hall တွင်ပြုလုပ်ခဲ့သော BTS ပွဲဦးထွက်ပြပွဲကိုဖော်ပြပေးခဲ့ပါတယ်။
နာမည်ကြီးသတင်းဆောင်းပါးများတွင် မှတ်ချက်ပေးသည့်လုပ်ဆောင်ချက်ကို Naver မှ မဖြုတ်မချမီအထိ၊ ဤသမိုင်းဝင်စာမျက်နှာတွင် ထောင်နှင့်ချီသော မှတ်ချက်များ ကျန်နေခဲ့ပါတယ်။အစောဆုံးမှတ်ချက်များကတော့ "သူတို့က ကြာရှည်ခံမှာမဟုတ်ပါဘူး၊" "Bulletproof Boy Scouts" ဆိုတဲ့ အဖွဲ့နာမည်က အရူးလိုပဲ" စသဖြင့်ပေါ့။
ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ BTS ဟာ ရေပန်းစားလာပြီးထောက်ခံတဲ့မှတ်ချက်တွေကို ဆောင်းပါးမှာ ထပ်ထည့်ခဲ့ပါတယ်။ BTS ဟာ နိုင်ငံတကာ အာရုံခံစားမှုတစ်ခုဖြစ်လာချိန်မှာတော့ အင်တာနက်မှာ "ကျွန်တော်တက်ချင်သော တက္ကသိုလ်သို့ ဝင်ခွင့်ပေးပါ" စတဲ့ comments တွေက popular ဖြစ်လာပါတယ်။မှတ်ချက်များတွင် ပြောင်းလဲမှုများကတော့ BTS ရဲ့အတိတ်နှင့်ပစ္စုပ္ပန်ကိုပြသနေသလိုပါပဲ......
သူတို့ရဲ့ အတိတ်ဟာ အစပိုင်းမှစ၍ သရော်ခံရခြင်းနဲ့စသောအဖွဲ့တစ်ဖွဲ့အဖြစ် ရှိနေခဲ့ပြီး သူတို့ရဲ့ လက်ရှိပစ္စုပ္ပန်မှာတော့ မယုံနိုင်လောက်အောင် အောင်မြင်သောအနုပညာရှင်အဖွဲ့တစ်ဖွဲ့ဖြစ်လာပါပြီ။အစောပိုင်းကာလများမှ ရိုင်းစိုင်းသောမှတ်ချက်များနောက်ကွယ်တွင် အကြောင်းပြချက်များစွာရှိခဲ့သော်လည်း နောက်ဆုံးတွင်တော့ မကောင်းသောမှတ်ချက်များကို ပြန်ဖျက်ချနိုင်ခဲ့ပါပြီ.....
BTS က သူတို့ရဲ့ ပွဲဦးထွက်ပြီးနောက် ကြာရှည်မခံဘဲ ကျရှုံးမှာပဲဆိုတဲ့ မှတ်ချက်တွေနဲ့ ချည်နှောင်ခဲ့ကြပေမယ့် ကောင်းတဲ့ message တွေ ပြန်ပေးနိုင်ခဲ့ပါပြီ................
BTS ရဲ့ ပွဲဦးမထွက်ခင် 2012 ခုနှစ်မှာ SM Entertainment က EXO ကို ပွဲထုတ်ခဲ့ပါတယ်။
D-day အထိ ရက်ပေါင်း 100 အတွင်း အဖွဲ့၏ ဇာတ်ကောင်နှင့် အဖွဲ့ဝင်တစ်ဦးချင်းကို မိတ်ဆက်သည့် ကြော်ငြာဗီဒီယို နှစ်ဆယ့်သုံးကားကို ထုတ်ပြန်ခဲ့ပါတယ်
YOU ARE READING
BEYOND THE STORY
Non-Fictionကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...