The Other Side of THE MOST BEAUTIFUL MOMENT IN LIFE
အင်တာဗျူးတွေမှာ SUGA က အမြဲလိုလို သိမ်သိမ်မွေ့မွေ့ အေးဆေးတဲ့ အသံနဲ့ အမြဲပြောလေ့ရှိပါတယ်။ မထင်မှတ်လောက်အောင် ခက်ခဲတဲ့သူတို့ရဲ့ အခြေအနေတွေကို ဆွေးနွေးတာတောင်မှ ဘာမှမဟုတ်သလိုပဲ ပြောခဲ့တယ်။ ဒါပေမယ့် တစ်ခါမှာတော့ SUGA က အသံကိုမြှင့်ပြီး ပြောခဲ့ပါတယ်။
2015 ခုနှစ် မတ်လ 19 ရက်နေ့ BTS ရဲ့တရားဝင် YouTube ချန်နယ်မှာ တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာပါ။ မွေးနေ့ရှင်ဖြစ်တဲ့ SUGA ကို အဓိကထားပြီး အဖွဲ့ဝင်များက သူတို့ရဲ့ပရိသတ်များထံ လက်ဆောင်ပေးဖို့ ပြင်ဆင်နေတဲ့ ဗီဒီယိုကို ရိုက်ကူးထားတာပါ။ မဲနှိုက်ရွေးချယ်ခံရတဲ့ ပရိသတ်တွေအတွက် လက်ရေးစာများ Polaroids များကို ပြင်ဆင်နေကြတာပါ။ SUGAက ရွေးချယ်ခံရသူတစ်ဦးစီသို့ ဘာရေးရမယ်ဆိုတာကို ဆွေးနွေးပြီး အဖွဲ့ဝင်များက လက်ဆောင်ကို မေတ္တာနဲ့ ဂရုတစိုက် ထုပ်ပိုးနေကြချိန်ပါ။ ဒီအချိန်မှာ တစ်ယောက်က ကျွန်တော်တို့ ဘာလို့ဒီလောက် ဂရုတစိုက် လုပ်နေကြတာလဲလို့ မေးလိုက်တဲ့အခါ SUGA က ကျယ်လောင်သော အသံနဲ့ တုံ့ပြန်ခဲ့ပါတယ်။
SUGA
"ဒီလူတွေက ငါ့ဖြစ်တည်မှုရဲ့ အကြောင်းပြချက်လို့ ငါယုံကြည်လို့ပေါ့။ အဲဒီလိုပြောရင် တခြားသူတွေက "Hey, come on now," လို့ ပြောကောင်းပြောနိုင်ပေမယ့် အဲဒါကိုတော့ ငါခံစားရတယ်။ Idol တစ်ယောက်အနေနဲ့ ပရိတ်သတ်တွေကို ဖယ်လိုက်ရင် ငါက တကယ်ကို သနားစရာကောင်းတဲ့သူပါ။ ငါ့မှာဘာမှမရှိနေဘူး။ ပရိတ်သတ်တွေအပေါ် အမြဲတမ်း အပြစ်ရှိသလို ခံစားရပါတယ် ... တာဝန်ကျေဖို့လိုတယ် ပြီးတော့ တာဝန်ယူရမယ်ထင်တယ်။ အဲဒါက ကျွန်တော့်ကို တွန်းအားပေးတဲ့ တွန်းအားတစ်ခုလို့ ကျွန်တော်ထင်တယ်။ အဲဒါမှ မဟုတ်ရင် ဒီအလုပ်ကို လုပ်လို့ ရမယ်မထင်ဘူး။ တာဝန်ကျေဖို့၊ လုပ်ဆောင်ဖို့၊ အဲဒီလူတွေကို ကျေနပ်အောင်လုပ်ပေးဖို့ လိုတယ်။ အဲဒါက ငါ့အတွက် ကြီးမားတဲ့ အပိုင်းပါ။ အဲဒီတုန်းက ကျွန်တော်မြင်ခဲ့ရတဲ့ ကမ္ဘာကြီးဟာ စကားလုံးတစ်လုံးတည်းနဲ့ ဖော်ပြရရင် ငရဲလိုပါပဲ။ ငါတို့က အသက်နှစ်ဆယ်ကျော်လောက်က အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ငါတို့ကြားမှာ ဆယ်ကျော်သက်တွေတောင် ရှိသေးတယ်...ဒါကြောင့်အများကြီး မမျှော်လင့်ထားခဲ့ပါဘူး ငါတို့ကို ဒီလိုလုပ်ရ လောက်အောင် သူတို့ဘာကို မကြိုက်ကြတာလဲ။ သူတို့က ငါတို့ကို ဘာလို့မုန်းတာလဲ ဆိုတဲ့အတွေးပဲ တွေးမိခဲ့တာကို။"
YOU ARE READING
BEYOND THE STORY
No Ficciónကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...