Chapter 2 (Teamwork)

22 7 0
                                    

Teamwork

Jimin
"Hyung, Hyung လို ခပ်မိုက်မိုက်ပုံစံ ဖြစ်အောင်ကျွန်တော် ဘယ်လိုလုပ်ရမလဲ"

သူတို့ရဲ့ ပွဲဦးထွက်မတိုင်ခင် Jimin က RM ကို သူဘယ်လိုမျိုးဖြစ်နိုင်လဲလို့ မေးတဲ့အထိ သဘောကျခဲ့ပါတယ်။

RM က ခေါင်းဆောင်ဖြစ်ရုံသာမကဘဲ၊ သူက ဘယ်သူ့ အကူအညီမှမပါဘဲ သီချင်းတွေဆိုနိုင်တဲ့ အရည်အချင်းရှိပါတယ်။ သင်တန်းသား ခုနစ်‌ယောက်က အဆောင်မှာ အတူရှိစဉ်အတွင်းကတည်းက သူတို့ကြားမှာ powerful bond တစ်ခု ရှိနေခဲ့ပါပြီ
ပွဲဦးထွက်အဖွဲ့ဝင်များ အပြီးသတ်ပြီး သူတို့ရဲ့ အချိန်ဇယားကို သတ်မှတ်လိုက်သောအခါမှာတော့ တစ်ဦးနှင့်တစ်ဦးရဲ့ ဘဝ တွေ အကြောင်းအရာတွေကို လွန်စွာ နားလည်ပေးနိုင်နေပါပြီ။

Jung Kook

"အခုအချိန်အထိ ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံးကောင်းချီးတစ်ခုကတော့ ဒီ hyung တွေနဲ့တွေ့တာပါပဲ......

သာမာန်ကျောင်းသားဘဝက  "ကျွန်တော်" နဲ့ Hyungs တွေနဲ့ အတူကြီးပြင်းခဲ့တဲ့ "ကျွန်တော်" ကို နှိုင်းယှဉ်ကြည့်တဲ့အခါ အခု "ကျွန်တော်" က အများကြီး ပိုတိုးတက်လာတာပေါ့။

အတိအကျမသိပေမယ့် အများကြီးလေ့လာခဲ့ရတယ်။ ဥပမာအားဖြင့်၊ ကျွန်တော်က အမှန်တကယ် ရယ်စရာကောင်းလောက်အောင် လောဘကြီးသူတစ်‌ယောက်ပါ။ ရှုံးတာကို မုန်းတယ်၊ မာနကြီးတယ်၊ ခေါင်းမာတယ်။
အဲဒါတွေကြောင့် ကျွန်တော် ဒုက္ခရောက်ခဲ့ဖူးပြီး တခါတရံ ဒေါသတွေ ထကြွနေသေးပေမယ့် တခြားသူတွေကို အရင်နားလည်ဖို့ သင်ယူခဲ့ရပါတယ်...."

ထရိန်နင်လုပ်နေဆဲ အလယ်တန်းကျောင်းသားတစ်ဦးဖြစ်တဲ့အတွက် စီမံခန့်ခွဲမှုကုမ္ပဏီမှာ Jung Kook ၏အိမ်နှင့်ကျောင်းဖြစ်ပြီး သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ သူ့မိသားစုနှင့် ဆရာ‌တွေဖြစ်ခဲ့ပါတယ်။

Jungkook
"ငါတို့အတူတကွနေထိုင်ခဲ့ကြတဲ့အတွက် hyung တွေက ငါ့ကို သဘာဝကျကျလွှမ်းမိုးခဲ့ပြီး ငါက ဒါကို သဘာဝအတိုင်းလက်ခံရယူခဲ့တယ်။
hyung တွေပြောတဲ့စကားကနေ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ သီချင်းတွေကိုပါ သင်ယူခဲ့ရပါတယ်"

BEYOND THE STORYWhere stories live. Discover now