Chapter 3 (Born Singer)

22 6 0
                                    

The most beautiful moment in life pt1
The most beautiful moment in life pt2
The most beautiful moment in life: young forever

Love, Hate, ARMY

2013 ခုနှစ် ဇူလိုင်လ 12 ရက်နေ့မှာတော့ BTSဟာ သူတို့ရဲ့ တရားဝင်ဘလော့ဂ်မှာ ပွဲဦးထွက်ပြီးစဉ်ကတည်းက ပထမဆုံးသော mixtape သီချင်းဖြစ်သည့် "Born Singer" ကို ထုတ်လွှင့်ခဲ့ပါတယ်။

ပွဲဦးထွက်ချိန်ကနေ စရေတွက်ရင် အချိန် တစ်လတိတိရှိပြီဖြစ်ပြီး ဇူလိုင်လ 9ရက်နေ့မှာ သူတို့ရဲ့ fandom ကို ARMY ဆိုတဲ့ နာမည် ပေးခဲ့တာဖြစ်တာ‌ကြောင့် fandom အမည်ပေးခြင်းက သုံးရက်ရှိပါပြီ။

SUGA က "Born Singer" ရဲ့ သီချင်းစာသားနောက်ကွယ်က ဘာတွေလဲဆိုတာကို ဒီလိုရှင်းပြထားပါတယ်

"ပွဲဦးထွက်ပြီး တစ်ပတ်ကြာမှာ Bang Si-Hyuk က "ငါတို့ အခုခံစားချက်ကို မှတ်တမ်းတင်သင့်တယ်" "သီချင်းတစ်ပုဒ်ဖြစ်အောင် လုပ်သင့်တယ်" လို့ပြောခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီခံစားချက်တွေကို မှတ်မိမှာမဟုတ်ဘူးလို့ လည်း သူကပြောပါတယ်ဒါနဲ့ အသံလွှင့်ဌာနမှာရှိတုန်း စာသားတွေကို မှတ်စုစာရွက်ပေါ်မှာ ချရေးခဲ့တာ"

သီချင်းထွက်ရှိချိန်မှာတော့ J. Cole ရဲ့ မူရင်း "Born Sinner" သီချင်းရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အသစ် ပုံစံနဲ့ အယ်လ်ဘမ်တစ်ခုရဲ့။ အစိတ်အပိုင်း မဟုတ်ပဲ သီချင်းချည်း သက်သက် ထုတ်လွှင့်ခဲ့ပါတယ် 
idol တွေအတွက် သီချင်းတစ်ပုဒ်ထဲ ထုတ်ခြင်းက အဆန်းမဟုတ်ပေမယ့် အဲ့အချိန်က တချို့ ARMY တွေအနေနဲ့ သီချင်းကို ဘယ်ကနားထောင်ရမယ် ဆိုတာကို မသိတဲ့ ARMY အချို့ရှိတာကြောင့်  အခြား ARMY တွေကို အကူအညီတောင်းရင်း ရှာဖွေကြည့်ရှု့ခဲ့ရတယ်။
ဒီနည်းလမ်းနဲ့ပဲ သီချင်း တိုက်ရိုက်ထုတ်လုပ်ခြင်း၊ ထုတ်လွှတ်ခြင်း၊ ရှာဖွေခြင်းနဲ့ နားထောင်ခြင်းတို့ ပြုလုပ်ရင်း BTS နဲ့ ARMY တို့ရဲ့ သမိုင်းကြောင်းကို ဖန်တီးခဲ့ကြတာပါ။

BEYOND THE STORYWhere stories live. Discover now