CHAPTER 4 (INSIDE OUT)

18 5 0
                                    

WINGS
YOU NEVER WALK ALONE

Friends

V နဲ့ Jimin တို့ရဲ့ "Dumpling Incident" က fandom အဖွဲ့ဝင်တိုင်း သိကြတဲ့ အကျော်ကြားဆုံး BTS ပုံတိုပတ်စတွေထဲက တစ်ခုပါ။ V နဲ့ Jimin တို့က 2020 ခုနှစ် ဖေဖော်ဝါရီလမှာ ထွက်ရှိထားတဲ့ အယ်လ်ဘမ် MAP OF THE SOUL: 7 မှာ "The dumpling events is a comedy" ဆိုပြီး သီချင်းစာသားနဲ့ပါ ဒီအဖြစ်အပျက်ကို ဖော်ပြခဲ့ကြတယ်။

တကယ်တော့ "Incident" ဆိုတာက လေးနက်လွန်းတဲ့ စကားလုံးပါ။ V နဲ့ Jimin က ပရိသတ်တွေကို အကြိမ်ပေါင်းများစွာ ရှင်းပြခဲ့သလို၊ပဲ မန်ဒူးဖက်ထုပ်ကို ဘယ်အချိန်စားရမလဲဆိုတာနဲ့ ပက်သက်ပြီး ဖြစ်ခဲ့တာပေါ့။ V ကကွက်လေ့ကျင့်နေချိန်မှာ စားချင်ပြီး Jimin ကတော့လေ့ကျင့်ရေးအပြီးမှာစားဖို့ အကြံပြုခဲ့တာပါ။ သူတို့ရဲ့ ခင်မင်ရင်းနှီးမှုကို ပိုနက်ရှိုင်းစေမယ့်အငြင်းအခုံတွေရှိခဲ့တာ‌ပေါ့။ BTS ရဲ့ အခြေအနေမှာလည်း ပိုပျော်စရာကောင်းတဲ့ ဒီလို အသေးအဖွဲအဖြစ်အပျက်က ရယ်စရာမှတ်ဉာဏ်တစ်ခုဖြစ်လာပါတယ်။ ဒါက 2016 ခုနှစ်ဝန်းကျင်က သူတို့ရဲ့အခြေအနေတွေကို ပြန်မြင်ယောင်စေပါတယ်။

V က Hwarang: The Poet Warrior Youth ဇာတ်လမ်းတွဲကို တနေကုန် ရိုက်ကူးနေရတာကြောင့် လေ့ကျင့်ချိန်အတွင်းမှာ ထမင်းစားချင်ခဲ့တာ ဖြစ်ပါတယ်။ The Most BEAUTIFUL MOMENT IN LIFE စီးရီးရဲ့ အောင်မြင်မှုကြောင့် 2016 ခုနှစ်မှာ BTS အတွက် ကမ်းလှမ်းခံရခဲ့တဲ့ အခွင့်အလမ်းသစ်များထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဒီဇင်ဘာ 19 ရက်၊ 2016 မှာ ရုံတင်ပြသမယ့် Hwarang က တနင်္လာနေ့မှ အင်္ဂါနေ့ညနေပိုင်းအထိ တောင်ကိုရီးယားနိုင်ငံပိုင်ရုပ်သံလိုင်း KBS မှာ ပြသခဲ့ပြီး ထိုအချိန်က တက်သစ်စကြယ်ပွင့် Park Seo-joon လည်း ပါဝင်ခဲ့ပါတယ်။ V (BTS) နဲ့ တခြားလူတိုင်းအတွက် ဒီရှိုးမှာ ပေါ်လာတာက BTS ရဲ့ ပင်မရေစီးကြောင်းထဲကို ဒီ့ထက်မက အောင်မြင်မှု့တွေယူဆောင်လာမယ်ဆိုတာပါပဲ။
ပြဿနာက အချိန်ဇယားဆွဲခြင်းပါ။ အခြားကိုရီးယား တီဗီစီးရီးများစွာနဲ့မတူဘဲ Hwarang ရဲ့ထုတ်လုပ်မှုက ပရီမီယာမစတင်မီမှာပဲ လုံးလုံးလျားလျား ပြီးဆုံးသွားခဲ့ပြီး 2016 ခုနှစ် မတ်လမှာ စတင်ရိုက်ကူးပြီး ထိုနှစ် စက်တင်ဘာလအစောပိုင်းမှာ ပြီးဆုံးသွားခဲ့ပါတယ်။ ဒါက BTS ရဲ့ ဒုတိယမြောက် အယ်လ်ဘမ် WINGS အတွက် ပြင်ဆင်မှုများနဲ့ အတိအကျနီးပါး ထပ်တူကျနေခဲ့ပါတယ်။ အမှီအခိုကင်းကင်းနဲ့ အဖွဲ့လိုက် ကတိကဝတ်တွေ ထပ်တူကျနေတဲ့ အိုင်ဒယ်လ်အဖွဲ့ဝင်တွေအတွက် အထူးအဆန်းမဟုတ်ပေမယ့် 2015 နဲ့ 2016 ခုနှစ်ကြားမှာတော့ BTS ဟာ ကိုရီးယားမှာတင်သာမကဘဲ ကျော်ကြားမှုသမိုင်းမှတ်တိုင်သစ်တစ်ခုကိုလည်း ရောက်ရှိခဲ့ပါတယ်။

BEYOND THE STORYWhere stories live. Discover now