Concept Album
"To be honest, I was scared at first."
"Intro: Boy Meets Evil"၊ WINGS (comeback trailer အဖြစ်ဖန်တီးထားသည့်) တွင် ပထမဆုံးသီချင်းက j-hope အတွက် ဖိအားတစ်ခုဖြစ်ပြီး RM နဲ့ SUGA တို့အနေနဲ့ကတော့ ယခင် intro သီချင်းများကို လုပ်ဖူးသူများ ဖြစ်တာကြောင့်တော့မဟုတ်ပါဘူး။
j-hope
"ကကွက်ပုံစံကောက်ကြောင်းရလာတဲ့အခါ 'ငါဒီလိုလုပ်နိုင်တယ်' လို့ထင်ခဲ့ပေမယ့် တကယ်လေ့ကျင့်တဲ့အခါမှာတော့ အဲဒီလိုမဖြစ်ခဲ့ပါဘူး။ အဲဒီတုန်းက ကျွန်တော် တကယ်လေ့ကျင့်ရေးစတူဒီယိုမှာ နေခဲ့တယ်။ comeback trailer ကို အကြိမ်တစ်ရာကျော် ရိုက်ကူး စောင့်ကြည့်ခဲ့ရပြီး မတတ်နိုင်တဲ့ အရာတွေအတွက် ကျွမ်းကျင်ပညာရှင်များထံ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာခဲ့ပါတယ်။ ကျွန်တော့် လက်ကောက်ဝတ်ကိုလည်း ထိခိုက်သွားတယ်။ စိတ်ပျက်လုနီးပါးခံစားခဲ့ရတယ်""Boy Meets What" ရဲ့ "What" က "Evil" ဖြစ်ပြီး BTS အတွက် j-hope က intro track လုပ်ပေးဖို့ ရုတ်တရက် တာဝန်ပေးခံရခြင်းလို လုံးဝအသစ်ဖြစ်နေတဲ့အရာကို တွေ့ကြုံရခြင်း ဖြစ်တာကြောင့် စိတ်ရှုပ်ထွေးမှု့ကို ခံစားနေရပါတယ်။ "Intro: Boy Meets Evil" အတွက် comeback trailer ဟာ Demian ထံကကိုးကားချက်ကို RM ရွတ်ဆိုခြင်းနဲ့ အစပြုထားပြီး THE MOST BEAUTIFUL MOMENT IN LIFE စီးရီးအတွက် comeback trailer နဲ့မတူဘဲ BTS အဖွဲ့ဝင်တစ်ဦးပါဝင်ထားတဲ့ တိုက်ရိုက်အက်ရှင်နမူနာတစ်ခုလို ဖြစ်နေပါတယ်။
MV မှာ j-hope က ဟစ်ဟော့အဝတ်အစားနဲ့ street fashion များကို ၀တ်ဆင်ထားခြင်းမဟုတ်ဘဲ အနက်ရောင်ဂျင်းဘောင်းဘီနဲ့ white button down shirt ကို ပေါင်းစပ် ဝတ်ဆင်ထားသည့်အတွက် ခေတ်ပြိုင်အကရဲ့အစိတ်အပိုင်းများကို ကုန်အမှတ်တံဆိပ်စတိုင်နဲ့ ပေါင်းစပ်ထားသလို ဖြစ်နေပါတယ်။ သူ့ရဲ့လှုပ်ရှားမှု့ ပုံစံအသစ်ကို ရောနှောရန်ခက်ခဲမှု့က သူ့အသွင်ပြောင်းမှုရဲ့ တစ်စိတ်တစ်ပိုင်းမျှသာဖြစ်လာပါတယ်။
YOU ARE READING
BEYOND THE STORY
Saggisticaကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...