Chapter 1 (RM)

88 14 4
                                    

Rap Den

BTS အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်လာမယ့် RM ကတော့ သူ့ရဲ့ ဆယ်ကျော်သက်အရွယ်ကို Kim Namjoon အဖြစ် Gyeonggi ပြည်နယ် Island မြို့မှာ နေထိုင်ခဲ့တာပါ။
သူက ဒီနေရာလေးကို "အရာရာ ကျေနပ်စရာ ကောင်းတဲ့မြို့လေး" အဖြစ် အမှတ်ရနေတာပါ။

"ဒီမြို့ကို စပြီး ဆောက်လုပ်စဉ်ကတည်းက အလွန်ကောင်းမွန်တဲ့ အစီအစဉ်တွေ ရှိခဲ့တာပါ။ စိမ်းလန်းနေတဲ့ နေရာအားလုံးကတော့ စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှု့ကို ရစေပါတယ်"

...........................

မြို့လေးက Ilsan Lake Park ရဲ့ အိမ်လိုဖြစ်ပြီး အနီးတဝိုက်မှာ  နေထိုင်သူတိုင်း အလွယ်တကူ ဝင်ရောက် အပန်းဖြေနိုင်ပါတယ်။
လူနေရပ်ကွက်တွေကလည်း အများအားဖြင့် တိုက်ခန်းတွေဖြစ်ကြပြီး ကြီးမားသော စီးပွားရေးဇုန်နှစ်ခုဖြစ်တဲ့ La Festa နှင့် Western Dom တို့လည်းရှိပါတယ်။
မြို့တော်ကို စတင်တည်ထောင်ချိန်မှစပြီး အပြည့်အ၀စီစဉ်ထားသော လမ်းများနှင့် အဆောက်အဦများဖြင့် စတင်ခဲ့တာပါ
မြို့တော်တစ်ခုလုံးဟာ တစ်ပတ်တာလုံးအတွက် ကျယ်ဝန်းပြီး အေးချမ်းသာယာတာကြောင့် သောကြာညမှ စနေ၊ တနင်္ဂနွေအထိ စည်ကားသိုက်မြိုက်စွာ ပွဲလမ်းသဘင်များ ပိုမိုများပြားလာကာ စီးပွားဖြစ်လာခဲ့ပါတယ်။

RM

"ဒါက သက်တောင့်သက်သာ ခံစားရစေမယ့် နေရာတစ်ခုပါ။ ပြီးတော့  အထပ်မြင့်အဆောက်အအုံတွေ ရုံးခန်းကြီးတွေမရှိတာမို့ ကောင်းကင်ကို ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ ဒါက သင်ယူလေ့လာမှုအပေါ် အာရုံစိုက်ဖို့ အကောင်းဆုံးပတ်ဝန်းကျင်တစ်ခုရှိနေခြင်းပါပဲ ဒါက ကျေးလက်မဟုတ်ပါဘူး၊ ဒါပေမယ့် ငါ့အတွက်တော့ အဲဒီလိုခံစားရစေပါတယ်"

Seoul ရဲ့ အနီးအနားမှာ ရှိနေတဲ့ မြို့ဖြစ်ပေမယ့် ကြီးကြီးမားမား စည်ကားနေတာမျိုး မရှိပါဘူး
အဲ့ဒါကပဲ RM အနေနဲ့ hip hop ကို လေ့လာဖို့ လမ်းစဖြစ်လာခဲ့တာပါ
မူလတန်း ပထမတန်းကတည်းက online ကတဆင့် rap ရွတ်တဲ့ အစီအစဉ် အင်တာဗျူးတွေနဲ့ hip hop artists တွေရဲ့ မှတ်တမ်းရုပ်ရှင်တွေကို ကြည့်ရှု့ရင်း စပြီးလေ့လာခဲ့ပါတယ် English လိုလည်း လေ့လာရင်းနဲ့ပေါ့။

BEYOND THE STORYWhere stories live. Discover now