June.13.2013
D-day မတိုင်မီအနည်းငယ် ဇွန်လ 13.12 မှာတော့ Mnet's M Countdown တွင် ဖျော်ဖြေမည့် ခေါင်းစဉ်သီချင်း "No More Dream" နှင့်အတူ "We are bulletproof PT.2" အတွက် ကကွက်ကို အဖွဲ့ဝင်အားလုံးက လေ့ကျင့်နေခဲ့ပါတယ်။
ဒီလေ့ကျင့်မှု့ကြောင့် J-hope ရဲ့ ညာဘက်ပေါင်မှာ Synovitis ဖြစ်စေတဲ့ ဒဏ်ရာကို ရရှိခဲ့တယ်
"We are bulletproof PT.2" ဒုတိယပိုင်းတစ်ဝက်ရဲ့ ကကွက်တွင် ကျောကုန်းမြေနှင့်ထိသည်အထိ ဒူးထောက်ပြီး နောက်ပြန်ကွေးရသည့် J-hope ရဲ့ တစ်ကိုယ်တော် အက ပါဝင်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုကို ထပ်ခါထပ်ခါလုပ်ခြင်းက သူ့ခြေထောက်ကို သိသိသာသာ ကိုက်ခဲစေပြီး ရောင်ရမ်းခြင်းဖြစ်စေတဲ့ အတွက် synovial အရည်ကို ဆေးထိုးပြီး နာကျင်မှု့သက်သာအောင် လုပ်ခဲ့ရတယ်။ ဒါပေမယ့် သူဘာကြောင့် ဒီလောက်အထိ လုပ်ရတာလဲလို့ မမေးခင်မှာပဲ j-hope က အဖြစ်အပျက်ကို ပြန်သတိရပြီး ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့ပါတယ်။J-hope
"တစ်ခုခုလုပ်ရမယ်ဆိုရင် သေချာလုပ်ရမှာပေါ့။ ကျွန်တော်က ပေါ့ပျက်ပျက် လုပ်တတ်တဲ့အရာတွေကို မုန်းလို့ပါ"ပွဲဦးထွက်ကြိုတင်ပြင်ဆင်မှုက ကုမ္ပဏီ သေးသေးလေးမှ သင်တန်းသားတွေ အတွက်တော့ ရှည်လျားရှုပ်ထွေးပြီး ခက်ခဲသောလမ်းဖြစ်ပါတယ်။
ဒါပေမယ့် D-dayက အလွန်လျင်မြန်စွာ ရောက်ရှိလာသောကြောင့် ဘယ်သူကမျှ ဗလာဖြစ်နေသလို မခံစားရတော့ပါဘူး ပထမဆုံး စွမ်းဆောင်မှုက များသောအားဖြင့် နောက်ဆုံးမဟုတ်ပါဘူး ဒါက idol အဖွဲ့အများစုအတွက် အရေးကြီးဆုံးဖျော်ဖြေမှုတစ်ခုပဲ ဖြစ်ပါတယ်။
K-pop Idol နယ်ပယ်သည် ဂီတစွမ်းရည်ကဲ့သို့ စွမ်းဆောင်ရည်နှင့် စတိုင်လ်ကို အလေးပေးထားပြီး အပတ်စဉ် ထုတ်လွှင့်မှုနှင့် ကေဘယ်လ်တီဗီလိုင်းနှစ်ခုလုံးတွင် စွမ်းရည်အကောင်းဆုံးနှင့် လူသိများသောချန်နယ်အချို့မှာ အပတ်စဉ် တေးဂီတအစီအစဉ်များကို ပြုလုပ်ပေးခဲ့ပါတယ်
YOU ARE READING
BEYOND THE STORY
Non-Fictionကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...