Chapter 6 (Everybody's History)

2 1 0
                                    

Everybody's History

"Mikrokosmos" ကို stadium -level arena တစ်ခုမှာ ဖျော်ဖြေကတဲ့အခါ ပိုပြီးအဓိပ္ပါယ်ရှိလာပါတယ်။ "တောက်ပသောကြယ်ရောင်" "ပြည်သူ့အလင်းများ/ အားလုံးသည် အဖိုးတန်များဖြစ်ကြသည်" နဲ့ "အမှောင်ဆုံးညများတွင် ပို၍ပင်တောက်ပသောကြယ်ရောင်များ" ဆိုတဲ့ သီချင်းစာသား‌တွေလိုပါပဲ အထူးသဖြင့် official ARMY Bomb ကိုင်ဆောင်ထားသော လူအားလုံးက အမှောင်ထဲမှာ မီးများ ဝှေ့ယမ်းပြီး နေနေတာက သီချင်းရဲ့နောက်ကွယ်က ရည်ရွယ်ချက်များကို သိရှိနားလည် နေသလိုပါပဲ။ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှ ဆော်ဒီအာရေးဗီးယားနိုင်ငံ ရီယာ့ဒ်အထိ အမှောင်ထဲမှာ အလင်းရောင်ထွန်းလင်းရန် မြို့တစ်မြို့ချင်းစီမှာ ARMY တွေစုစည်းခဲ့ကြပါတယ်။

Setlist "Mikrokosmos" ရဲ့နောက်ဆုံးသီချင်းအဖြစ် ARMY ဟာ ဖျော်ဖြေမှုရဲ့ စစ်မှန်သောအဓိကဇာတ်ကောင်ဖြစ်လာပါတယ်။ V Live တိုက်ရိုက်ထုတ်လွှင့်မှုနှင့်အတူ ကမ္ဘာတစ်ဝှမ်းရှိ ARMY များက အချင်းချင်းချိတ်ဆက်ကာ စုပေါင်းအမှတ်တရတစ်ခုအဖြစ် ချန်ထားနိုင်ခဲ့ပါတယ်။ ဖျော်ဖြေရေးခရီး ပြီးသွားတာနှင့်အမျှ ARMY Bombs မှ ခရမ်းရောင်အလင်းဖြင့် အားကစားကွင်းတစ်ခုရဲ့ မြင်ကွင်းဟာ ARMY ကို ကိုယ်စားပြုတဲ့ ထူးခြားသောရုပ်ပုံဖြစ်လာခဲ့ပါတယ်။
Jimin က LOVE YOURSELF ခေတ်က ခရီးစဉ်တွေအကြောင်းပြောတဲ့အခါ အထူးသဖြင့် ပေါ့ပေါ့ပါးပါးနဲ့ စဉ်းစားတတ်ပုံရတယ်။ သူကပြောပါတယ်....

Jimin
"အဲဒီတုန်းက အရမ်းငိုခဲ့တယ်ထင်တယ်ဘာကြောင့်လဲဆိုတော့ ဒါက အရမ်းကြီးမားလို့ပါ။"

သူ့ကိုဘာတွေအရမ်းစိတ်လှုပ်ရှားစေလဲလို့မေးတော့ သူကဖြေတယ်

Jimin
"ကျွန်တော်မသိပါဘူး။ ဒါဟာခဏတာလို မဟုတ်ဘူး ... ကျွန်တော်က ကျေးဇူးတင်ပြီး ဝမ်းနည်းတယ်ပြီးတော့ကျေးဇူးတင်တဲ့ စိတ်ခံစားမှု သောင်းခြောက်ထောင်နဲ့ ခံစားခဲ့တယ်။"

BEYOND THE STORYWhere stories live. Discover now