Magic Shop
စာချုပ်သက်တမ်းတိုးခြင်းကိစ္စနဲ့အတူ ပြဿနာများကလည်း ပိုမိုပြင်းထန်တဲ့ အခြေအနေဖြစ်လာပါတယ်။ Jimin က ထိုအချိန်က အဖွဲ့အတွင်း စိတ်ဓာတ် မည်မျှပြင်းထန်ကြောင်းကို ပြောပြပါတယ် ။
Jimin
"အဖွဲ့ကိုယ်တိုင်က တော်တော်လေး အန္တရာယ်များတဲ့ အခြေအနေမှာ ရှိနေတယ်။ အယ်လ်ဘမ်သစ်မထုတ်တော့ဘူးလို့တောင် ပြောကြတယ်။"BTS ရဲ့ သမိုင်းကြောင်းကို LOVE YOURSELF 承 'Her' မတိုင်ခင်အထိ ကြည့်လိုက်ရင် BTS ဟာ နောက်ထပ်အယ်လ်ဘမ်ကို မထုတ်တော့ဘူးဆိုတဲ့ စိတ်ကူးဟာ စိတ်ကူးယဉ်လို့တောင် မရပါဘူး။ သူတို့အမြဲ သီချင်းအသစ်တွေ ထွက်ပြီး ဘယ်လိုအခြေအနေမျိုးမှာမဆို ဖျော်ဖြေခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ မတူဘူး။ RM က အခြားအယ်လ်ဘမ်ရှိမှာ မဟုတ်ကြောင်း သူတို့ကို အသိပေးဖို့ သူ့ရဲ့မိဘများကိုပါ ကြိုတင်အကြောင်းကြား ခဲ့ပြီးပါပြီ။ အကယ်လို့ အဖွဲ့ဝင်များက သူတို့ရဲ့ စာချုပ်များကို သက်တမ်းတိုးခြင်းမပြုဘူးဆိုရင် ဖျော်ဖြေရေးနယ်ပယ်ကနေ လုံးဝထွက်ခွာရန် စဉ်းစားနေပြီဖြစ်ကြောင်း Jin က ရှင်းပြခဲ့ပါတယ်။
Jin
"ကျွန်တော့်ရဲ့ ရပ်တည်ချက်ကတော့ အဖွဲ့ထဲကတစ်ယောက်ယောက်သာ ထွက်သွားရင် ဖျော်ဖြေရေး လုပ်ငန်းကနေ ထွက်ပြီး အသက်မွေးဝမ်းကြောင်း တစ်ခုခု လုပ်မယ်။ ကျွန်တော် ခဏလောက် အနားယူဖို့ စိတ်ကူးထားပြီး နောက်ဘာလုပ်ချင်လဲ ဆိုတာကို တွေးကြည့်ပါတယ်။"ဒါပေမယ့်လည်း Jinအတွက် အမှန်တကယ်ရုန်းကန်နေရတာက အဖွဲ့ရဲ့မရေရာတဲ့ အနာဂတ်တော့မဟုတ်ပါဘူး။
YOU ARE READING
BEYOND THE STORY
Non-Fictionကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...