Chapter 1 (🌎 Collide)

27 9 0
                                    

Worlds Collide

လေ့ကျင့်ရေးစတူဒီယိုမှာ သူ့ကိုယ်ပိုင် သီးသန့်အကသင်တန်းကျောင်းဖွင့်ထားတဲ့ j-hope တောင် ပွဲဦးမထွက်ခင် ခြောက်လလောက်မှာ လုံးဝကို ပင်ပန်းနွမ်းနယ်နေပါပြီ.......

J Hope
" 2013 ခုနှစ် ဇန်နဝါရီလအစ လောက်ဖြစ်မှာပေါ့ ...ကျွန်တော်တို့ရဲ့ စိတ်အားထက်သန်မှုအရှိဆုံးဖြစ်သင့်တဲ့ ကာလဆိုတာ သိပေမယ့် အရမ်းကို ပင်ပန်းနေပါပြီ ကျွန်တော်တို့ရဲ့ အကတွေကို သူတို့ရိုက်ကူးတဲ့ စတူဒီယိုတစ်ခုရှိပြီး အဲဒီမှာပဲ ကျွန်တော်တို့ နေထိုင်ခဲ့ပါတယ်။"

"Overperformance"အဖွဲ့ ဖြစ်လာဖို့အတွက် သူတို့ရဲ့ ကြိုးပမ်းမှု့တိုင်းမှာ အဖွဲ့ဝင်တွေက ကကွက်ကို  သေချာလေ့ကျင့်ခဲ့ကြပြီး တစ်ချိန်တည်းမှာပဲ သင်ခန်းစာတွေလည်း ရယူခဲ့ကြပါတယ်။
အားလုံးထဲမှာမှ သူတို့ဟာ ပရိုတင်းအတွက် စားတဲ့ ကြက်ရင်အုံပေါ်က ဆားပမာဏကို အစွဲအလမ်းကြီး လောက်တဲ့အထိ သတ်သတ်မှတ်မှတ် အစားအသောက်တွေကို သာ စားသုံးခဲ့ရပါတယ်........ ဘာကြောင့်လဲဆိုရင် စင်ပေါ်တက်ချိန်မှာ အတတ်နိုင်ဆုံး ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ အကောင်းဆုံးဖြစ်ချင်ခဲ့ကြလို့ပါ။

ဒါပေမယ့် ဆင်းရဲဒုက္ခနှင့် စိုးရိမ်ပူပန်မှု့က သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေထက် စိတ်နဲ့ ပိုပြီးသက်ဆိုင်‌ နေပါတယ်။

SM လို လူသိမများတဲ့ Big Hit entertainment  ကို ငေးကြည့်ရင်း ခံစားချက်တစ်မျိုးကို ဖိတ်ခေါ်လိုက်သလို J hope ခံစားခဲ့ရပါသေးတယ်

J hope
"ငါတို့ ဘယ်အချိန်က debut လုပ်ခဲ့တာလဲလို့  လူတွေက မေးကြတဲ့အခါ ... အဲဒီမေးခွန်းက နှလုံးသားကို ဓားနဲ့ထိုးသလိုပဲ"

BEYOND THE STORYWhere stories live. Discover now