Someone's Strength
BTS ရဲ့ တတိယအယ်လ်ဘမ် Skool Luv Affair ကို 2014 ခုနှစ်၊ ဖေဖော်ဝါရီလမှာထွက်ရှိခဲ့ပါတယ်။
RM ရဲ့ ဖော်ပြချက်ဖြစ်တဲ့ ပထမအယ်လ်ဘမ်လေးခုဖြစ်တဲ့ "Sweet၊ bitter၊ sweet၊ bitter" ဆိုတဲ့ အစီအစဉ်တွင် ဒုတိယမြောက်ဖြစ်တဲ့ "Sweet" အလှည့်ဖြစ်ပါတယ်
"Boy In Luv" ဟူသော ခေါင်းစဉ်သီချင်းကို လူအများက သဘောကျခဲ့ပြီး တီဗီတေးဂီတရှိုးတစ်ခုတွင် သူတို့၏ ထိပ်တန်းအဆင့် Candidacy အဖြစ် အဖွဲ့အား သတ်မှတ်ခဲ့ကြပါတယ်။
အယ်လ်ဘမ်က 2014 Gaon Chart အယ်လ်ဘမ်အဆင့်သတ်မှတ်ချက်မှာ တင်ပို့မှု 86,004 ကို မှတ်တမ်းတင်ခဲ့ပြီး ယခင်အယ်လ်ဘမ် O!RUL8,2 ထက် 250% တိုးလာခဲ့ပါတယ်။
ယခင်ခေါင်းစဉ်သီချင်းများဖြစ်သည့် "No More Dream" နှင့် "N.O" တို့လို လက်တွေ့ဘဝတွင် ကြုံတွေ့နေရသော ဆယ်ကျော်သက်များ အတွက် အိမ်မက်သီချင်းများနှင့် မတူဘဲ "Boy In Luv" ကတော့ ဆယ်ကျော်သက် အချစ်ဇာတ်လမ်းကို စူးစမ်းလေ့လာပြီး သူတို့ရဲ့ ယခင်က ကြမ်းတမ်းသော ပုံရိပ်ကို ရွှင်မြူးသောလေသံဖြင့် ထည့်သွင်းပြောင်းလဲ သီဆိုခဲ့တာပါ
"Attack on Bangtan" တွင် သူတို့ပြသခဲ့သော ခပ်မိုက်မိုက်ပုံစံကို တစ်မူထူးခြားပြီး BTS ပုံစံ အချစ်သီချင်းကို တီထွင်ခဲ့ပါတယ်။
ကကွက်ကလည်း အားကောင်းပြီး တက်ကြွနေကာ သီချင်းထဲတွင် ပိုမိုပေါ့ပါးသောလှုပ်ရှားမှုများနှင့် ကျောင်းဝတ်စုံပုံစံများပါရှိတဲ့အတွက် အဖွဲ့က ဆယ်ကျော်သက်များနဲ့ ပို၍ပင်ရင်းနှီးစေခဲ့ပါတယ်။
တူညီတဲ့ album ထဲက နောက်ဆုံးသီချင်းဖြစ်တဲ့ "Just One Day" က ငယ်ရွယ်သောအချစ်ကို အဓိကထားထားတာကြောင့် "Intro: Skool Luv Affair" မှသတ်မှတ်ထားသည့် Theme ဖြစ်သည့် "the way we love" ကိုပါ ဖော်ပြနိုင်ခဲ့ပါတယ်
ဒီဦးတည်ချက်အသစ်က BTS ရဲ့ ဂီတချဲ့ထွင်မှု အတွက် ပထမခြေလှမ်းဖြစ်ပါတယ်။ ယခင်အယ်လ်ဘမ်များဟာ အဖွဲ့ဝင်များကိုယ်တိုင်အကြောင်း—သူတို့၏ ထရိန်နင်နေ့ရက်များ၊ ဂီတအပေါ် သဘောထား၊ အခြားသူများ၏ ခံယူချက်အပေါ် တုံ့ပြန်မှု့ စသဖြင့် ဖော်ပြခဲ့တာမျိုးပါ။
YOU ARE READING
BEYOND THE STORY
No Ficciónကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...