A Moment That Comes Once in a Lifetime
BTS ဟာ လုပ်ငန်းဆိုင်ရာ စည်းမျဉ်းများကို ဖောက်ထွက်ခဲ့ကြပြီး အောင်မြင်မှု့ရတယ်လို့ ယူဆဖို့အတွက်တော့ နောက်ထပ် ဖန်တီးမှုအသစ် လိုအပ်နေသေးပါတယ်။ "I NEED U" မှာ Jin က သူ့ရဲ့သီဆိုမှု့ပုံစံကို ပြောင်းလဲခဲ့ပါတယ်။
Jin
"ဒီသီချင်းကို ထပ်ကာထပ်ကာ လေ့ကျင့်ခဲ့တယ်။ ဒါပေမယ့် ပထမဆုံးအကြိမ် စဆိုတုန်းက သီချင်းဆိုတဲ့ အတိုင်း အသက်ရှူခဲ့တယ်။ တစ်ကယ် အသံသွင်းတဲ့အချိန်မှာ သီချင်းတစ်ပုဒ်လုံးကို တစ်ပြိုင်နက်ထဲ သီဆိုရပြီး တချို့အပိုင်းတွေမှာဆို သီချင်းထဲလုံးဝ နစ်မြုပ်သွားသလိုပဲ ခံစားခဲ့ရတယ်။ အဲ့တုန်းက အဆင်မပြေဘူးလို့ ခံစားခဲ့ရပေမယ့် မှန်ကန်တဲ့အရာ ဖြစ်ခဲ့ပါတယ် "J hope
"ကခုန်ခြင်းမှာလည်း ကျယ်ပြန့်တဲ့ အပြောင်းအလဲများ လိုအပ်ပါတယ်။အရင်ကတော့ 'Argh!' လိုမျိုး အကမှာ ကျွန်တော်တို့ရဲ့ စွမ်းအင်အားလုံးကို သုံးပစ်ဖို့ လိုအပ်ပေမယ့် "I NEED U" အတွက်တော့ ခံစားချက်တွေကို ဖော်ပြပုံက တကယ်ကို အရေးကြီးပါတယ်။ ကကွက်ဟာ စိတ်ခံစားချက်ကို ကောင်းမွန်စွာဖော်ပြမှသာ အလုပ်ဖြစ်မှာဖြစ်ပြီးတော့ အခြေခံအားဖြင့် "အကတစ်ဝက်၊ မျက်နှာအသွင်အပြင်တစ်ဝက်နဲ့ သရုပ်ဆောင်ခြင်း" လိုမျိုးပါ"
YOU ARE READING
BEYOND THE STORY
Non-Fictionကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...