Chapter 2 (One day in December 2014)

20 8 0
                                    

One day in December 2014

MAMA stage ဖျော်ဖြေပွဲ မစခင်မှာပဲ BTS ဟာ စိတ်ညစ်စရာကောင်းတဲ့ အခြေအနေကနေ "Danger" ကဖို့  အထိ ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။

O!RUL8,2 album အတွက် "N.O" သီချင်းလုပ်စဥ် ပြန်လည်ကောင်းမွန်လာသလိုပါပဲ။

"Attack on Bangtan" နှင့်အတူ သူတို့ရဲ့ "Danger" နဲ့ "War of Hormone" ဖျော်ဖြေရာတွင်လည်း အပြုသဘောဆောင်သော လူထုတုံ့ပြန်မှုကို ရရှိခဲ့ပါတယ်။

"War of Hormone" ဟာ ယခင် BTS သီချင်းများနဲ့ ကွဲပြားတဲ့ ဒဿနကို အခြေခံထားသည့်အတွက် Bang Si-Hyuk ရဲ့ အရေးပေါ်တိုင်းတာမှုတစ်မျိုးပါပဲ။

"Danger" သီချင်းက အဖွဲ့အတွက် အန္တရာယ်ဖြစ်စေသည်ဟု မထင်မှတ်ဘဲ Bang က ခေတ်ရေစီးကြောင်းနှင့် ရေပန်းအစားဆုံးသော idol ခေတ်ရေစီးကြောင်းကိုကိုက်ညီစေဖို့ "War of Hormone" အတွက် ကကွက်၊ MV နှင့် ဝတ်စုံအယူအဆများကို သေချာစွာပြင်ဆင်ခဲ့ပါတယ်။

MV က ရှည်လျားတဲ့ single take ကဲ့သို့မြင်ရသည်မှာ ထင်ရှားသော်လည်း အခြားကဏ္ဍအားလုံးတွင်တော့ Bang က "ခေတ်ရေစီးကြောင်းပရိတ်သတ်များအလိုရှိသော idol ဖျော်ဖြေမှုမျိုးဖြစ်ရမည်" ဟု တွေးပြီး တတ်နိုင်သလောက် အနီးစပ်ဆုံး စီစဉ်ခဲ့ပါတယ်။

MV နဲ့ ကကွက်များတွင်တော့ BTS အဖွဲ့ဝင်များက ခေါင်းစဉ်ဖြစ်သည့် hormones လိုမျိုး ဆွဲဆောင်မှု့ အရိပ်အမြွက်များနဲ့ အတူ အကန့်အသတ်မရှိသော အားပေးမှု အကောင်းမြင်မှုများဖြင့် ပရိသတ်များကို ဆွဲဆောင်နိုင်ခဲ့ပါတယ် ။

SUGA
""Danger" ပြီးတဲ့နောက်မှာ ကုမ္ပဏီက "ကျွန်တော်တို့ ဒီလောက်နဲ့ပဲ အဆုံးသတ်လို့မရဘူး" လို့ ပြောပြီး အနားယူရမယ့်အချိန်တွေမှာ အချိန်ဇယားတွေ ရုတ်တရက် ပြည့်လာခဲ့ပြန်‌ရော
"War of Hormone" အတွက် concept ဓာတ်ပုံတွေနဲ့ MV ရိုက်ကူးခဲ့ပြီး ရရှိလာတဲ့ တုံ့ပြန်မှုက အရမ်းကောင်းပါတယ်အဲဒါက ကျွန်တော်တို့အတွက် တွန်းအားတစ်ခုပါပဲ။"

BEYOND THE STORYWhere stories live. Discover now