Chapter 2 (Outsiders)

21 7 0
                                    

Outsiders

ပွဲဦးထွက်ကာလတွင် သင်တန်းသားတစ်ဦးဆီတိုင်းက လူတိုင်းရဲ့အာရုံစူးစိုက်မှု့ ခံရမှာက အဓိကအကြောင်းအရာပါပဲ။ ကုမ္ပဏီဝန်ထမ်းတွေက သူတို့ Idolရဲ့ လှုပ်ရှားမှုတိုင်းကို တုံ့ပြန်မှုရှိပြီး ချဉ်းကပ်၍မရသော စီအီးအိုများနှင့် ကုမ္ပဏီပိုင်ရှင်များပင်ရှိနေတတ်ပါတယ်

သူငယ်ချင်းများနဲ့ မိသားစုများထံမှ ပံ့ပိုးမှုနှင့် မျှော်လင့်ချက်များကလည်း တစ်ချိန်လုံးလိုအပ်နေတာပါပဲ

ဒါပေမဲ့ သူတို့ရဲ့ ပွဲဦးထွက်ကို လုပ်ပြီး music show တွေမှာ ပေါ်တာတာနဲ့ တစ်ပြိုင်နက်မှာပဲ လောကကြီးက အေးစက် မာကြောပြီး ဒီလောက်လည်း စိတ်ဝင်စားစရာ မကောင်းဘူးဆိုတာမျိုး လက်တွေ့သိမြင်လာပါတယ်

ပုံမှန်အားဖြင့် တစ်ပတ်တာလုံး ထုတ်လွှင့်တဲ့ ပုံမှန် ကိုရီးယား တေးဂီတ အဆင့်သတ်မှတ်ချက် အစီအစဉ်တစ်ခု၏ အပိုင်းတစ်ခုစီတွင် လောလောလတ်လတ် ပွဲဦးထွက် ထားသော အသစ်များမှသည် ဆယ်စုနှစ်များစွာ စင်ပေါ်တက်ခဲ့သော ဝါရင့် အနုပညာရှင်များအထိ အနုပညာရှင်အဖွဲ့ နှစ်ဆယ်ခန့် ပါဝင်ပါတယ်။

အဆုံးသတ်ကိုတော့ Idol လောကရဲ့ရေပန်းအစားဆုံး အနုပညာရှင်က အမြဲတမ်း ဖျော်ဖြေရတာပါ

ရိုက်ကူးရေးနေ့ ရောက်တဲ့အခါ Artists တွေအားလုံးက Green room လို့ခေါ်တဲ့ ‌နားနေခန်း ဟောလ်ခန်းမကြီးမှာ အတူစောင့်ရတယ်။  လူအုပ်ကြီးထဲမှာ idols တွေကလည်း ဝင်လိုက်ထွက်လိုက်ပါပဲ
နာမည်ကြီး ကုမ္ပဏီရဲ့ အဖွဲ့ဝင်တစ်ဖွဲ့ကလည်း အမည်မသိတဲ့ မျက်နှာစိမ်း အနုပညာရှင် အသစ်လေးတွေကြားမှာ တွေ့ရပါသေးတယ်
ကံကောင်းတာ တစ်ခုက သူတို့အားလုံးဟာ မကောင်းသတင်းတွေ စကားလုံးကြမ်းကြမ်းတွေကို ပြောကြတာပါပဲ။

အနုပညာရှင်အသစ်များကြားတွင်ပင် BTS ဟာ ပြင်ပလူများဖြစ်ကြပြီး သူတို့ရဲ့ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်မှာ လက်တွေ့ကျကျသောင်တင်နေခဲ့သလိုပါပဲ။
Big Hit Entertainment က ကုမ္ပဏီငယ်လေးဖြစ်တာကြောင့် တော့မဟုတ်ပါဘူး။

Jin က သူတို့ရဲ့ ဖျော်ဖြေပွဲ အလှည့်အတွက် Green roomမှာ စောင့်ဆိုင်းနေစဉ်တုန်းက သူတို့၏အခြေအနေများကို ပြန်ပြောပြခဲ့ပါတယ်

BEYOND THE STORYWhere stories live. Discover now