Yet Another Start
BTS ပွဲဦးထွက်တုန်းက RM ရဲ့ အောင်မြင်မှုအခြေအနေတွေက ရိုးရှင်းပါတယ်။
RM
"ကျွန်တော့်အတွက်ကတော့ စက်မှုလုပ်ငန်းအခြေအနေနဲ့ ညွှန်ကိန်းတွေလို အရာတွေဟာ နားတစ်ဖက်ကဝင်ရင် အခြားတစ်ဖက်ကပြန်ထွက်သွားသလိုပဲ ရှိနေပါတယ်။ အရာရာတိုင်း ကောင်းလာတယ်လို့ ခံစားရရင် ဒါပဲ လိုတာပေါ့ဗျာ။ အဲ့ဒီအချိန်က ကျွန်တော်တို့က "Number one on Melon" ဖြစ်ခဲ့ရင် လုံလောက်တဲ့အနေအထားပေါ့။ ဒါ့ထက် "ကျွန်တော်တို့အဖွဲ့ရဲ့သီချင်းတွေကိုကျွန်တော်တို့သူငယ်ချင်းတွေသိပါတယ်" လို့ပြောခြင်းက ကျွန်တော်တို့အတွက်အရာအားလုံးပေါ့။"အိုလံပစ် ကျွမ်းဘား အားကစားကွင်းမှာ ဖျော်ဖြေခြင်းက အနုပညာရှင်များ ကိုယ်တိုင် ခံစားနိုင်တဲ့ အောင်မြင်မှု အမှတ်အသား တစ်ခု ဖြစ်ပါတယ်။ Gocheok Sky Dome ကို 2015 နှစ်ကုန်ပိုင်း ဖွင့်ချိန်အထိ၊ အိုလံပစ်အားကစားရုံက ကိုရီးယားမှာ အကြီးဆုံးမိုးလုံလေလုံအားကစားရုံဖြစ်ပါတယ်။ ယခုအချိန်တွင်ပင် အိုလံပစ်အားကစားရုံမှာ ဖျော်ဖြေခွင့်ရခြင်းက အနုပညာရှင်တစ်ဦးရဲ့အောင်မြင်မှုကို သက်သေပြနိုင်တာကြောင့် လွယ်ကူတာတော့မဟုတ်ပါဘူး။ ရိုးရိုးရှင်းရှင်းပြောရလျှင် BTS ရဲ့ပွဲဦးထွက်နဲ့ အိုလံပစ်အားကစားရုံမှာ သူတို့ရဲ့ပထမဆုံးဖျော်ဖြေမှုကြားအချိန်က သူတို့ရဲ့အိုလံပစ်ကျွမ်းဘားအားကစားရုံဖျော်ဖြေပွဲနဲ့ပထမဆုံးကမ္ဘာတစ်ဝှမ်းရှိ အားကစားကွင်းဖျော်ဖြေပွဲကြားကာလထက် ပိုမိုရှည်လျားခဲ့ပါတယ်။
YOU ARE READING
BEYOND THE STORY
No Ficciónကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...