New Wave
V ရဲ့ အခက်အခဲ တွေက WINGS ထုတ်လုပ်ရေးပြီးတဲ့အချိန်မှာ ပြေလည်သွားပါတယ်။ BTS က နောက်ဆုံးမှာ သူတို့ရဲ့ အောင်မြင်မှုအိပ်မက်များကို အကောင်အထည်ဖော်ခဲ့ပြီး လုံးဝအသစ်ဖြစ်တဲ့ ကမ္ဘာဆီကို ခြေတစ်လှမ်းတက်လှမ်းနိုင်ခဲ့ပါပြီ။ သူတို့ရဲ့ ပတ်ဝန်းကျင်အသစ်မှာ အဖွဲ့ဝင်များက ယခင်ကထက် ပိုမိုနက်နဲရှုပ်ထွေးတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
WINGS အယ်လ်ဘမ်အစအဆုံးကို 2016 ခုနှစ်၊ အောက်တိုဘာလ 10 ရက်နေ့မှာ ဖြန့်ချိခဲ့တယ်။မေလမှာ ကျင်းပတဲ့ပွဲမှာ အိုလံပစ်အားကစားရုံ ထိုင်ခုံတစ်သောင်းငါးထောင်ကို ပရိသတ်အပြည့်နဲ့မို့ အဖွဲ့ဝင်အားလုံး မျက်ရည်ကျစေခဲ့ပါတယ်။ တစ်နှစ်ကြာပြီးနောက် Gocheok Sky Domeမှာနှစ်ရက်တာ ကျင်းပတဲ့ 2017 BTS LIVE TRILOGY EPISODE III- THE WINGS Tour မှာလည်း ခန်းမအပြည့် လက်မှတ် နှစ်သောင်းငါးထောင်ကို ရောင်းချခဲ့ရပါတယ်။ 2017 ခုနှစ်နှောင်းပိုင်းမှာ BTS က တစ်နေရာတည်းမှာ သုံးရက်ကြာ ဖျော်ဖြေပွဲတစ်ခု ပြုလုပ်မှာဖြစ်ပါတယ်။
ထိုအတောအတွင်းမှာ တရားဝင် BTS Twitter နဲ့ YouTube ချန်နယ်များမှာ အင်္ဂလိပ်နဲ့ အခြားအာရှမဟုတ်တဲ့ ဘာသာစကားများဖြင့် မှတ်ချက်များ သိသိသာသာ တိုးလာခဲ့ပါပြီ။ ARMY အရေအတွက်က တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့လာပြီး BTS ရဲ့ cyber bullying ခံရမှုများသည်လည်း အချိုးကျကျ ပြင်းထန်လာပါတယ်။
ဒါတွေအားလုံးဟာ BTS အတွက်တင်မကဘဲ ကိုရီးယား idol နယ်ပယ်မှာပါ လုံးဝကြုံဖူးပါတယ်။2015 ခုနှစ် ဒီဇင်ဘာလမှာ The Most Beautiful Moment IN Life PT.2 က America's Billboard 200 မှာ အဆင့် 171 ရရှိခဲ့တယ်။ The Most Beautiful Moment In Life: YOUNG FOREVER ကတော့ နောက်နှစ်ရဲ့ မေလမှာ အဆင့် ၁၀၇ကနေရပ်တည်နေပါတယ်။ ဒါက မြင့်မားတဲ့ အဆင့်တော့မဟုတ်ပါဘူး။ ဒါပေမယ့် အယ်လ်ဘမ်တွေထွက်ပြီးတာနဲ့ ချက်ချင်းဆိုသလိုပဲ Billboard 200 မှာ ဆက်တိုက်ဝင်ခဲ့ပြီး နောက်ပိုင်းမှာ သိသိသာသာအဆင့်မြင့်လာတာက BTS အတွက် အရမ်းအရေးပါပါတယ်။
ဒီရုတ်တရက် ကျော်ကြားလာမှုအတွက် ဘာတာဝန်ရှိသလဲ။ လူများက YouTube ချန်နယ်များစွာမှာ အင်္ဂလိပ်ဘာသာနဲ့ မှတ်ချက်ပေးပြီး BTS အကြောင်းအရာ တွေတင်ပေးဖို့ကို တောင်းဆိုကြပါတယ်။
ထိုအချိန်က စတင်ကြီးထွားလာတဲ့ K-pop MV တုံ့ပြန်မှုချန်နယ်များတွင်သာ မဟုတ်ဘဲ BTS က အာရုံခံစားမှုတစ်ခုဖြစ်လာပြီး ၎င်းတို့နှင့်ဆက်ဆံတဲ့ အကြောင်းအရာမှန်သမျှက ဆိုရှယ်မီဒီယာပေါ် လျှင်မြန်စွာပျံ့နှံ့သွားပါတယ်။ ပင်မမီဒီယာဆီအာရုံမရောက်မီနဲ့ Billboard 200 အဆင့်မသတ်မှတ်မီကပင် မကြုံစဖူးအရာတစ်ခု အဖြစ်ဖြစ်ပျက်ခဲ့ပါတယ်။V က အယ်လ်ဘမ်ထုတ်လုပ်ခြင်း၊ ဖျော်ဖြေရေးအစီအစဉ်နဲ့ Hwarang ရိုက်ကူးခြင်းတို့ကို တောက်လျှောက်လုပ်ဆောင်နေသလို ရုတ်တရက်အောင်မြင်မှုကလည်း BTS တစ်ခုလုံးကို လုံးဝပတ်ဝန်းကျင်အသစ်ဆီ တွန်းပို့ခဲ့ပါတယ်။ အောင်မြင်မှုနဲ့အတူ သူတို့ရဲ့ ဘဝများကို ပြောင်းလဲရန် အခွင့်အလမ်းကိုပါ တွေ့ရှိခဲ့ကြပြီး သူတို့ရဲ့ ကမ္ဘာသစ်မှာ အဖွဲ့ဝင်များက အပြောင်းအလဲများကို လက်ခံရန် ဒါမှမဟုတ် ငြင်းပယ်ရန်တို့ကိုလည်း ကိုယ်တိုင် ပြန်လည်စဉ်းစားနေရချိန်ဖြစ်ပါတယ်။
The Most Beautiful Moment In Life: Young Forever ရဲ့ Title သီချင်းဖြစ်တဲ့ "Burning Up (Fire)" ထွက်ရှိအပြီးမှာ
WINGS နဲ့ နောက်လာမယ့်အရာများကိုလည်း အရိပ်ယောင်ပြခဲ့ပါတယ်။BOY MEETS WHAT
..... ..... ...... ..... .....
YOU ARE READING
BEYOND THE STORY
Non-Fictionကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...