And to Friends
"Victory" နဲ့ "Love" ဆိုတဲ့ keywords များနဲ့ 2016 အောင်မြင်မှုများရပြီးတဲ့နောက် BTS က ပရိသတ်အကြိုက်အဖြစ် တစ်ဖန်ပြန်လည်ဝင်ရောက်လာကာ ယခုတစ်ကြိမ်တွင် လုံးဝမထင်မှတ်ထားတဲ့ ဦးတည်ချက်တစ်ခုကနေ စတင်လိုက်ပါတယ်။
2017 ခုနှစ် ဇန်နဝါရီလမှာ BTS က 4/16 Seowl မိသားစုများကို KRW သန်း 100 လှူဒါန်းခဲ့ကြောင်း ကို မီဒီယာများကဖော်ပြခဲ့ပါတယ်။
Truth and a Safer Society အဖွဲ့အစည်းက ၂၀၁၄ Sewol ကူးတို့သင်္ဘောနစ်မြုပ်မှုမှာ ပါတင်တဲ့ သေဆုံးသူများရဲ့ မိသားစုများဖြင့် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
ဒီပရဟိတလုပ်ရပ်ကတစ်ဆင့် 2014 ခုနှစ်မှ လူများရဲ့အဖြစ်ဆိုးကိုရည်ညွှန်းကာ ဖေဖော်ဝါရီ 2017 အထူးအယ်လ်ဘမ်ဖြစ်တဲ့ YOU NEVER WALK ALONE မှ "Spring Day" ကို စတင်အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြပါတယ်။
သီချင်းစာသားက "Miss you" ဟူတဲ့ စကားလုံးနဲ့ အစပြုထားပြီး MV တွင် နစ်မြုပ်သွားသော ကူးတို့သင်္ဘောမှ သေဆုံးသူ 304 ဦးအား သင်္ကေတအဖြစ် ယူဆောင်သွားသည့် အဝတ်တောင်တန်းများကို သရုပ်ဖော်ထားခဲ့ပါတယ်။
သေဆုံးဒဏ်ရာရသူအများစုက အထက်တန်းကျောင်းသူကျောင်းသားများဖြစ်ပြီး ကျောင်းခရီးတွင် အသေအပျောက်များခဲ့ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုလည်း ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ April 2017 မှာ SBS ချန်နယ်ရှိ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ TV show တစ်ခုဖြစ်တဲ့ Unanswered Questions ကဏ္ဌပါဝင်ခဲ့ပြီး နစ်မြုပ်မှု တတိယမြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ဒီသီချင်းကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။BTS က "Spring Day" အဓိပ္ပါယ်ရဲ့ နောက်ကွယ်ကတရားဝင်ရှင်းလင်းချက်ကိုဘယ်သောအခါမှမပေးခဲ့ပါဘူး။ 2017 BTS LIVE TRILOGY EPISODE III: THE WINGS Tour ရဲ့အစမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း နားထောင်သူတွေကို အတိုချုံးမှတ်ချက်များကိုပဲ ရယူသိမ်းဆည်းစေခဲ့ပါတယ်။
RM ၏အဆိုအရ "Spring Day" က သူငယ်ချင်းများကို မက်ဆေ့ချ်တစ်ခု ပေးခြင်းအဖြစ် စတင်ခဲ့တယ်လို့ ဆိုပါတယ်။
"အဲဒီသီချင်းရဲ့ စာသားတွေကို ရေးခဲ့တုန်းက သူငယ်ချင်းတွေဆီ ရေးဖို့ ကြိုးစားခဲ့တာ မှတ်မိတယ်။ ငါ့အနားက ထွက်သွားတဲ့သူတွေ၊ ခဏခဏတွေ့ဖူးပေမယ့် ဝေးကွာလွန်းတဲ့ ကောင်းကင်ကြီးအောက်မှာ ငါတို့ရှိနေပေမဲ့ တခြားတစ်နေရာရာမှာ ရှိနေကြတဲ့ သူငယ်ချင်းတွေအတွက်ဖြစ်မယ်နဲ့တူတယ်။"
YOU ARE READING
BEYOND THE STORY
Non-Fictionကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...