Chapter 3 (The Effect of Victory on Youth)

18 5 0
                                    

The Effect of Victory on Youth

BTS အနေနဲ့ အောင်မြင်မှုကို စတင်ရရှိလာတာနဲ့အမျှ သူတို့ရဲ့ပြင်ပကမ္ဘာကလည်း ပြောင်းလဲလာပါတယ်။ ဒါတွေကို "BANGTAN BOMB" ဟူသောနာမည်နဲ့ YouTube တွင် တင်ထားတဲ့ TV ဂီတပရိုဂရမ် နဲ့ ပတ်သက်တဲ့ ဗီဒီယိုများတွင်လည်း တွေ့မြင်နိုင်ပါတယ်။

2013 ခုနှစ်မှာတော့ သူတို့ရဲ့ ပွဲဦးထွက်ချိန်က ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုဟာ The Most Beautiful Moment In Life PT.1 မှာ အဖွဲ့ဝင်များ အချင်းချင်း နောက်ပြောင်ကစားနေပုံ သူတို့ရဲ့ စင်မြင့်ဖျော်ဖြေပွဲအတွက် ပြင်ဆင်ရင်း အဆင်သင့်ဖြစ်နေပုံ အစရှိသဖြင့် ပြသခဲ့ပါတယ်။ သူတို့ရဲ့နောက်ဆက်တွဲအယ်လ်ဘမ်ဖြစ်တဲ့ The Most Beautiful Moment In Life ရဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို BTS က ပြသလေ့ရှိပါတယ်။
အယ်လ်ဘမ်ထွက်ရှိခြင်းနဲ့အတူ တေးဂီတတီဗီအစီအစဉ်များမှာ "Special MC" အဖြစ် ပါဝင်ရန် အဆင်သင့်ဖြစ်နေပါပြီ။

The Most Beautiful Moment In Life PT1 က BTS က ဘာကိုဆိုလိုသလဲဆိုတဲ့ အတွေးအမြင်ကို ပေးပါတယ်။ Special MC ဆိုတာကအစီအစဉ်ကို စီစဉ်ကျင်းပရန် တက်ကြွတဲ့ အနုပညာရှင် အသီးသီးမှ ရွေးချယ်ထားသော ပုဂ္ဂိုလ်ဖြစ်ပါတယ်။ Special MC အဖြစ် ရွေးချယ်ခံရခြင်းကို အခြေခံအားဖြင့် ရွေးချယ်ခံရသူက "သတ်မှတ်ထားတဲ့ level ရောက်တယ်" လို့ ဆိုလိုတာပါ။ music chart နဲ့ music program တွေမှာ နံပါတ်တစ်သို့ရောက်ရှိခြင်းအတွက် လည်း အဖွဲ့ဝင်တွေရဲ့ တုံ့ပြန်မှု တွေကို မှတ်တမ်းယူထားပါတယ်။

Jimin က ထိုအချိန်က သူကိုယ်တိုင် အပါအဝင် အဖွဲ့ဝင်တွေရဲ့ အပြောင်းအလဲများကို ပြောပြပါတယ်။

Jimin
"အဲဒီ့အချိန်ကစလို့  "Fan" တွေကို ကောင်းကောင်းသိလာခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီ့တိုင်ခင်က ပရိသတ်တွေကို ကောင်းကောင်းသတ်မှတ်ထား သေးတာကြောင့်ပါ။ "ကျွန်တော်တို့တို့ သူတို့ကို ဘယ်လိုခေါ်လဲ" လို့ တိုင်ပင်တဲ့အခါ အဖွဲ့ဝင်တွေက "အကောင်းဆုံးကြိုးစားကြရအောင်" "ကောင်းကောင်းလုပ်ရအောင်" လို့ပဲ ပြောနေခဲ့တာ။ ဒါပေမယ့် ကျွန်တော်တို့ နံပါတ်တစ် နေရာကို ရောက်တာနဲ့ ကျွန်တော်တို့ရဲ့ ပထမဆုံး ထုတ်လွှင့်ခဲ့တဲ့ ပွဲဦးထွက်နေ့ကို အမှတ်ရနေခဲ့ပါတယ်အဲဒီနေ့က ပရိသတ် ဆယ်ယောက်လောက် ရောက်လာတယ် မဟုတ်လားသူတို့သာ ကျွန်တော်တို့ကို အားပေးခြင်းရှိခဲ့ရင် ကျွန်တော်တို့ ဘာမှ ဖြစ်လာနိုင်ဘူး ဒါကြောင့် ကျွန်တော်တို့ရဲ့ fan လို့ခေါ်တဲ့ လူတွေကို အမှန်တကယ်ကျေးဇူးတင်ရန် လိုအပ်ကြောင်းခံစားခဲ့ပါတယ်။"

BEYOND THE STORYWhere stories live. Discover now