INTRO: We're Now Going to Progress to Some Steps
BTS အတွက် ကပ်ရောဂါကာလအတွင်း အမှတ်ရစရာ အခိုက်အတန့်တစ်ခုဆိုရင် အဖွဲ့ဝင်များက သဘာဝအတိုင်း အနားယူရန် မြို့ပြင်သို့ ရက်အနည်းငယ်ကြာ ထွက်ခွာသွားတဲ့ In the SOOP BTS ရုပ်သံအစီအစဉ် ပေါ်လာခြင်းဖြစ်ပါတယ်။ BTS က ဒီရှိုးကို 2020 နှင့် 2021 တွင် နှစ်ကြိမ်ရိုက်ကူးခဲ့ပါတယ်။ သူတို့ကို ရှိုးတစ်ခုရိုက်ကူးနေခြင်းဖြစ်တာကြောင့် ဒါက အလုပ်ပါပဲ။ ဒါပေမယ့် ပုံမှန်သူတို့ရဲ့ အချိန်ဇယားထဲက အခြားအရာများနဲ့ ကွဲပြားတဲ့ အရာတစ်ခုရှိပါတယ်။ SUGA က In the SOOP အသံသွင်းမှုကို ပထမဆုံးအမှတ်ရမိပါတယ်။
SUGA
"တစ်နည်းအားဖြင့် အတူတူ ခရီးထွက်ဖို့ အချိန်တန်ပြီ။ ဘာကြောင့်လဲဆိုတော့ "Dynamite" နဲ့ တခြားအရာတွေကို ဆွေးနွေးဖို့ ပြင်ဆင်နေတာကြောင့်ပါ။ ဒီခရီးစဉ်အတွက် အရမ်းကောင်းတဲ့ အမှတ်တရတွေ ရှိတယ်။ ကျွန်တော်တို့အားလုံး ထမင်းအတူစားကြ၊ စကားပြောကြ၊ နောက်ပြောင်ကြတယ်။ ဒီလိုအချိန်တွေ အတူတူရှိဖို့ဆိုတာ ရှားပါးလွန်းတယ်ဆိုတာ သိထားတာကြောင့် ဒီထဲက တစ်စက္ကန့်ကိုတောင် ဘယ်သူမှ မဖြုန်းချင်ကြဘူး။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ပြောတာကို အမြဲတမ်း နားထောင်ဖို့ ကြိုးစားတယ်။ In the SOOP ရိုက်ကူးရေးက မနက်ခင်းမှာ အိပ်ရာထပြီး အဲ့ဒီနေ့မှာ ဘာလုပ်မှာလဲဆိုတာကို စဉ်းစားဖို့ လိုအပ်ပါတယ်။ ပြီးတော့ 'ငါ အရင်က ဒီလောက် အားလပ်ချိန် မရှိဘူး၊ ငါ ဘာလုပ်ရမလဲ' လို့ တစ်ခုခုကို တွေးပြီး အဲဒီ့အတိုင်း တစ်နေ့တာ ကုန်ဆုံးလိုက်တာပါ။ ဒီလိုမျိုး ကျွန်တော့်ရဲ့နေ့ရက်တွေကို ဖြတ်သန်းရတာ အံ့သြစရာကောင်းတာကိုနားလည်ခဲ့တယ်။"
YOU ARE READING
BEYOND THE STORY
Non-Fictionကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...