Grammy Awards
BTS အနေနဲ့ သူတို့ရဲ့ ဖျော်ဖြေပွဲကို 2022 ခုနှစ်တွင် ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ BTS PERMISSION TO DANCE ON STAGE—SEOUL ကို မတ်လ 10၊ 12 နှင့် 13 ရက်နေ့တွင် ကျင်းပခဲ့ပြီး BTS PERMISSION TO DANCE ON STAGE—LAS VEGASE ကိုတော့ ဧပြီလ 8၊ 9 ၊ 15
နှင့် 16 တို့မှာ Allegiant အားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။ BTS က နောက်ဆုံးမှာ သူတို့ရဲ့ ကိုရီးယားပရိသတ်များနှင့် တွေ့ဆုံနိုင်ခဲ့ပြီး ဆိုးလ်ဖျော်ဖြေပွဲများဟာ ကိုရီးယားတွင် ကပ်ရောဂါအဆုံးသတ်ခြင်းရဲ့ ပြယုဒ်တစ်ခုလည်းဖြစ်လာပါတယ်။ တီဗီအစီအစဉ်များကလည်း live စတူဒီယိုပရိသတ်များကို ပြန်လည်ကြိုဆိုခဲ့ပြီး အနုပညာရှင်များကလည်း သူတို့ရဲ့ခရီးစဉ်များကို ပြန်လည်စတင်ခဲ့ပါပြီ။ BTS နဲ့ အခြားသော K-pop အနုပညာရှင်များအတွက် ခေတ်သစ်တစ်ခု ပြန်လည်စတင်လာခဲ့ပါပြီ။2022 ခုနှစ် ဧပြီလ 3 ရက်နေ့တွင် ကျင်းပခဲ့သည့် 64 ကြိမ်မြောက် ဂရမ်မီဆုပေးပွဲက Las Vegas မြို့ရှိ MGM Grand Garden Arena တွင် ယခင်ပြုလုပ်ခဲ့တဲ့ Grammy အခမ်းအနားများနှင့် မတူကွဲပြားခဲ့ပါတယ်။ မူလက ဇန်နဝါရီ ၃၁ ရက်မှာ စီစဉ်ထားပေမယ့်လည်း နှစ်နှစ်အတွင်း ၎င်းရဲ့ ပထမဆုံး live ထုတ်လွှင့်ရင်း ပရိသတ်ကို ကြိုဆိုသည့်နေ့ကို တိုက်ရိုက် ဖျော်ဖြေတင်ဆက်မှု့များပါ ပါဝင်မည်ဟူသည့် ကတိများဖြင့် နှစ်လကြာ ရွှေ့ဆိုင်းခဲ့ပါတယ်။ 63 ကြိမ်မြောက် ဂရမ်မီဆုပေးပွဲ မတိုင်မီ တစ်နှစ်က BTS ဟာ ၎င်းတို့ရဲ့ "Dynamite"ဖြင့် ဖျော်ဖြေရင်း ဆုပေးပွဲကို ပံ့ပိုးပေးခဲ့ပြီး ယခုအခါမှာလည်း "Butter"ကို live ဖျော်ဖြေရန် စီစဉ်ထားခဲ့ပါတယ်။ BTS က အကောင်းဆုံး Pop Duo/Group အတွက် ဒုတိယနှစ်အထိဆက်တိုက် ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်။
ဒါပေမယ့် ယခင်နိုဝင်ဘာလက တစ်နှစ်တာအကောင်းဆုံးအနုပညာရှင်ဆုရရှိခဲ့သည့် 2021 AMAs တွင်ပြုလုပ်ခဲ့သည့်အတိုင်း j-hope က ဆုများတွင် အဓိပ္ပါယ်များစွာမထည့်ရန်ကြိုးစားခဲ့ပါတယ်။J hope
"ဒါဟာ မမျှော်လင့်ထားတဲ့ ဆုတစ်ခုဖြစ်ပြီး နောက်ကြောင်းပြန်ကြည့်လိုက်ရင် 'ဝိုး၊ အဲဒါက ကြီးကြီးမားမားကြီးပဲ' လို့ တွေးလိုက်မိပါတယ်... ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ဒီရက်ပိုင်းမှာ ဆုတွေ အများကြီး မသတ်မှတ်မိအောင် ကြိုးစားနေပါတယ်။ ကျွန်တော်ဆက်လက်ကြိုးစားပြီး လုပ်ခဲ့တာတွေနဲ့ ကျွန်တော့်အတွက်ပေးတဲ့အရာတွေအတွက် ကျေးဇူးတင်နေသရွေ့ အဓိပ္ပာယ်ရှိတဲ့ဆုလာဘ်တွေက ဘယ်လိုပုံစံနဲ့ လိုက်လာမယ်ဆိုတာ ယုံကြည်တာဖြစ်နိုင်ပါတယ်။ ဆုတွေရ ရခြင်းရဲ့ အခြေခံအကြောင်းရင်းက ကျွန်တော်တို့ရရှိတဲ့ ချစ်ခြင်းမေတ္တာကြောင့်ပါ။ ဖြစ်နိုင်တာကတော့ ကျွန်တော်တို့ရဲ့ပရိသတ်တွေကြောင့်ပါပဲ... ဆုတွေက ကျွန်တော်တို့ကိုချစ်တဲ့ပရိသတ်တွေ ဘယ်လောက်ချစ်တယ်ဆိုတာ သိနိုင်တဲ့အတိုင်းအတာအထိ အရေးကြီးတယ်လို့ ထင်ပါတယ်။"
YOU ARE READING
BEYOND THE STORY
No Ficciónကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...