Chapter 3 (Growth)

17 6 0
                                    

Growth

RM နဲ့ တခြား BTS အဖွဲ့ဝင်တွေ တွေ့ကြုံခဲ့ရတဲ့ စိုးရိမ်ပူပန်မှုတွေက တကယ်တော့ The Most Beautiful Moment In Life စီးရီးကို အတူတူ ယူဆောင်လာခဲ့တာ ဖြစ်ပါတယ်။
PT.1 မှာ ဖြတ်သန်းခဲ့ရတဲ့ အရာတွေဟာ သူတို့ကိုယ်သူတို့ သက်သေပြဖို့ ကြိုးစားနေတဲ့ လူငယ်တွေရဲ့ ကြီးထွားလာတဲ့ ဝေဒနာတွေဖြစ်ခဲ့ရင် The Most Beautiful Moment In Life  PT.2 မှာတော့ သူတို့ဟာ
သူတို့ကိုကြည့်ရင်းနဲ့ ကမ္ဘာကြီးကို ထိပ်တိုက်ရင်ဆိုင်ပြီး အောင်မြင်မှုနဲ့ အခက်အခဲများကြားက အဖွဲ့ဝင်များရဲ့ အတွေးအမြင်သစ်တွေ အတွေ့အကြုံသစ်တွေကို လေ့လာစေနိုင်ခဲ့ပါတယ်။

The most beautiful moment in life PT.2's ကို "Ma City" မှာ လုပ်ဆောင်နေစဉ်က  j-hope အနေနဲ့ သူ့ကိုယ်သူနဲ့ လူ့အဖွဲ့အစည်းကြား ဆက်ဆံရေးကို ပိုပြီးသိမြင်လာပါတယ်။ "Ma City" မှာ သူက သူ့ရဲ့မွေးရပ်မြို့ဖြစ်တဲ့ Gwangju ကို ပုံဖော်ပြီး သီချင်းစာသားများကိုလည်း ရေးသားခဲ့ပါတယ်။

"Everybody dial 062-518"

"62" က Gwangju ရဲ့ဧရိယာကုဒ်ဖြစ်ပြီး "518" ကတော့ 1980 ခုနှစ် မေလ 18 ရက် Gwangju Democratization Movement ကိုရည်ညွှန်းထားတာ ဖြစ်ပါတယ်။

May 18 Gwangju Democratization Movement ကို ရှုတ်ချပြီး ဒေသတွင်းဝါဒကို မြှင့်တင်တဲ့ အကြောင်းအရာတွေအွန်လိုင်းပေါ်မှာ ရှိနေသော်လည်း j-hope က သူ့ရဲ့မွေးရပ်မြေအတွက် ဂုဏ်ယူနေပါတယ်။ သူမွေးဖွားရာသမိုင်းကို လေ့လာခြင်းအားဖြင့် သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်နိုင်ခဲ့ပါတယ်။

J hope
"ဒေသန္တရဝါဒအကြောင်း သိပ်သိခဲ့ပါဘူးအစကတော့ ကျွန်တော့်မှာ ဒေသဆိုင်ရာ ခံစားချက်တွေရှိခဲ့ဘူးပေါ့... ဒါပေမယ့် ဆိုးလ်ကို ရောက်တဲ့အခါမှာတော့ ဒီလိုအရာတစ်ခု ရှိတယ်ဆိုတာ သိလိုက်ပြီး အဲဒါကို ပထမဆုံးအကြိမ် ခံစားလိုက်တယ်။ 'ဒါဘာလဲ? ဒီခံစားချက်ကဘာလဲငါမွေးဖွားရာအရပ်အကြောင်း ဒီအရာတွေကို ငါဘာကြောင့်ကြားနေရသလဲငါဘာလို့ဒီလိုခံစားတာလဲရိုးရိုးသားသားပြောရင် ဒီလိုပညာနဲ့ပတ်သက်ရင် ကျွန်တော် အားနည်းနေသေးပေမယ့် အဲဒီတုန်းကတော့ အများကြီး သိခဲ့တယ်။ ကျောင်းတက်နေစဉ်တုန်းက‌တော့ဒီအရာကို အလုပ်မှာ ဘယ်လိုဖော်ပြနိုင်လဲလို့ တွေးတာပေါ့။ ဒါပေမယ့် အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ 'ဝိုးဒါ ငါ့ဇာတ်လမ်းကို ပြောပြပြီး ဂီတထဲကို စိတ်ခံစားချက်တွေ ထည့်ထားပုံပါပဲ' လို့ ပထမဆုံးအကြိမ် ခံစားလိုက်ရသလိုပါပဲ။"

BEYOND THE STORYWhere stories live. Discover now