Seven Dramas part 3
Solo တစ်ပုဒ်ချင်းတိုင်းက BTS အဖွဲ့ဝင်တစ်ဦးစီရဲ့ ကိုယ်ပိုင်အမြင်များကို နက်နက်ရှိုင်းရှိုင်း စူးစမ်းလေ့လာခွင့်ပေးခဲ့ပြီး ပိုမိုကြီးမားတဲ့အပိုင်းများအနေနဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ Jin ရဲ့ တစ်ကိုယ်တော်သီချင်း "Awake" က ရုပ်ပုံကြီးတစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ personal message ပေးရန် ရည်ရွယ်ထားတဲ့ လုပ်ဆောင်ချက်ကို အရှင်းလင်းဆုံးပြသနိုင်တဲ့ သီချင်းဖြစ်ပါတယ်။
Solo သီချင်းခုနစ်ပုဒ်အတွက် ဇာတ်ညွှန်းတစ်မျိုးအနေနဲ့ "Awake" ဟာ ယခင်ထွက်ရှိခဲ့တဲ့ မတူညီသော solo တေးသွားများရဲ့ စီးဆင်းမှုကို ပေါင်းစပ်ပေးတဲ့ ငြိမ်သက်အေးဆေးသော သံစုံတီးဝိုင်းဖြင့် စတင်ခဲ့ပါတယ်။ သီချင်းစာသားက " I just walking and walking in this darkness" က WINGS ထုတ်လုပ်စဉ်အတွင်း အဖွဲ့ဝင်များ အနေနဲ့ soloတေးသွားများ လုပ်ဆောင်စဉ်မှာ ကြုံတွေ့ခဲ့ရတဲ့ အတားအဆီးများကို စုစည်းထားခြင်း ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ "Awake" ဟာ Jin အတွက် personal prologue ဖြစ်လာပြီး သူ့ဘဝရဲ့ နေရာအသစ်ကို ညွှန်ပြနေခဲ့ပါတယ်။ အခြားအဖွဲ့ဝင်များလိုပဲ အယ်လ်ဘမ် ထုတ်လုပ်ရေးက သူ့ရဲ့ personal ရုန်းကန်မှုများနဲ့ ထပ်တူကျနေခဲ့ပါတယ်။Jin
"အဲ့ဒီ့အချိန်က "Awake" သီချင်းက ကျွန်တော့်ရဲ့အခြေအနေနဲ့ လုံးဝကိုက်ညီနေတယ်။ ရိုးရိုးသားသားပြောရရင် အဲဒီတုန်းက ကျွန်တော် နည်းနည်း စိတ်ဓာတ်ကျနေတယ်။ 'ဒီအလုပ်ကို တကယ်ကောင်းကောင်းလုပ်နိုင်ပါ့မလား' လို့ တွေးလိုက်မိတဲ့ အချိန်အခါက ကျွန်တော့်ရဲ့ တခြားစိုးရိမ်မှုတွေကိုပါ ပျောက်ကွယ်သွားတဲ့အတွက် အဲဒီ့အချိန်မှာ အသစ်အဆန်းတွေအပေါ် ရင်နာနာနဲ့ တွေးနေမိပါတယ်။"
YOU ARE READING
BEYOND THE STORY
Não Ficçãoကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...