Our Group
BTS ရဲ့ စာချုပ်သက်တမ်းတိုးခြင်းဆိုင်ရာ ဆွေးနွေးမှုများက LOVE YOURSELF 轉 'Tear' နဲ့ 2018 BBMAs မှာ သူတို့ရဲ့ ဖျော်ဖြေတင်ဆက်မှုများကို မထုတ်ပြန်မီအထိ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ ARMY ရဲ့ "Anpanman" အဖြစ် ဆက်ရှိနေလိုသော ဆန္ဒမှလွဲ၍ သူတို့ရဲ့ စိုးရိမ်ပူပန်မှုများကို တော့ ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။ BBMAs မှာ ပထမဆုံးအကြိမ် ဖျော်ဖြေမယ် ဆိုတဲ့ သတင်းကို ကြားလိုက်ရချိန်မှာတောင် သူတို့ ကျေနပ်မှု မရခဲ့ပါဘူး။
Jimin က ဖျော်ဖြေပွဲအတွက် ပြင်ဆင်နေချိန်မှာ သူဘယ်လိုခံစားရလဲဆိုတာကို ပြောပြပါတယ်။Jimin
"အဖွဲ့ထဲက ပတ်ဝန်းကျင်က ဖရိုဖရဲဖြစ်နေတာကြောင့် ... အဲဒီ့စင်ပေါ်မှာ ပထမဆုံး အကြိမ် မတ်တပ်ရပ်ရတာ မယုံနိုင်လောက်အောင်ကို အံ့သြစရာကောင်းပေမယ့် ရိုးရိုးသားသားပြောရရင် ကျွန်တော် သိပ်ပြီး စိတ်လှုပ်ရှားမှု မခံစားရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ BTS မှာ တလျှောက်လုံး ဒီလောက်ထိ မရုန်းကန်ခဲ့ရလို့ပါပဲ။ ကြည်နူးမှုတွေ အရမ်းခံစားရမယ့် ဒီအချိန်လေးမှာ ဒီခံစားချက်တွေကို မခံစားခဲ့ရပါဘူး။"သို့ပေမယ့်လည်း ထိုအချိန်မှစပြီး BTS အဖွဲ့ဝင်များပင် မမျှော်လင့်ထားတဲ့ အပြောင်းအလဲတစ်ခု စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ အဖွဲ့တွင်းက ဖိစီးနေတဲ့လေထုရဲ့ ဆန့်ကျင်ဘက်အနေနဲ့ LOVE YOURSELF 轉 'Tear's title song "FAKE LOVE" အတွက် အကလေ့ကျင့်မှုက ချောမွေ့စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
YOU ARE READING
BEYOND THE STORY
Non-Fictionကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...