Surfin' USA
2017 ခုနှစ်မှာတော့ BTS က Billboard Music Awards ကို ပထမဆုံးအကြိမ်တက်ရောက်ခဲ့ပြီး Top Social Artist အမျိုးအစား ဆုကိုရရှိခဲ့ပါတယ်။ နောက်တစ်နှစ်မှာ သူတို့ရဲ့ BBMA ဖျော်ဖြေမှု "FAKE LOVE" (BTS ၏ ပထမဆုံးသော BBMAs တွင် ဖျော်ဖြေတင်ဆက်မှု) က သူတို့ကို Billboard 200 ရဲ့ ထိပ်ဆုံးမှာရပ်တည်နိုင်အောင် တွန်းပို့ပေးခဲ့ပါတယ်။ 2019 ပွဲ ညနေပိုင်းမှာတော့ Halsey နဲ့အတူ "Boy With Luv" ကို ဖျော်ဖြေခဲ့ပြီး စင်မြင့်ပေါ်မှာ သူတို့ရဲ့ တတိယမြောက် ထိပ်တန်းလူမှုရေးအနုပညာရှင်ဆုကိုသာမက ထိုညရဲ့ အဓိကဆုများထဲမှ တစ်ခုဖြစ်သည့် Top Duo/Group ကိုလည်း ရရှိခဲ့ပါတယ်။ သူတို့ BBMAs စင်မြင့်ကို တက်ပြီးတိုင်း သူတို့ရဲ့ကျော်ကြားမှုနဲ့ အမေရိကမှာ မီဒီယာတွေရဲ့ အာရုံစိုက်မှုဟာ နောက်တလှမ်းကို ကျော်လွန်သွားခဲ့ပါတယ်။
2019 ခုနှစ် မေလ (15) ရက်နေ့မှာတော့ BTS ဟာ CBSမှာ Stephen Colbert နှင့် The Late Show အတွက် ပါဝင်ခဲ့ပြီး BTS နဲ့ မိတ်ဆက်ပေးရာမှာ Beatles ရဲ့ အမေရိက ပွဲဦးထွက်မတိုင်မှီရက်ဖြစ်တဲ့ ငါးဆယ့်ငါးနှစ်၊ သုံးလနဲ့ ခြောက်ရက်မြောက်နေ့ကို တီဗီပရိသတ်အနေနဲ့ သတိရစေပါတယ်။ Beatles ဟာ အမေရိကမှာ ပွဲဦးထွက်တုန်းက နိုင်ငံရပ်ခြားက ကြယ်ပွင့်အသစ်တစ်ယောက်အဖြစ် စင်ပေါ်မှာ ဖျော်ဖြေခဲ့တာပါ။ The Beatles ရဲ့အမေရိကန်ရုပ်မြင်သံကြားပွဲဦးထွက် ပြသတဲ့ Ed Sullivan ပြဇာတ်ရုံမှာပဲ Stephen Colbert နဲ့ The Late Show က BTS ရဲ့ဖျော်ဖြေမှုကိုလွန်ခဲ့သည့်ငါးဆယ့်ငါးနှစ်က Beatles ရဲ့ ဖျော်ဖြေမှုကဲ့သို့ BTS ရဲ့ Boy with luv ဖျော်ဖြေမှု့ကိုလည်း အဖြူအမည်းဖြင့်ထုတ်လွှင့်ခဲ့ပါတယ်။ ယခုအခါ အမေရိကန် ပင်မမီဒီယာက BTS နဲ့ ARMY ကို Beatles နဲ့ Beatlemania တို့မှာ တိုက်ရိုက်ချိတ်ဆက် ဖော်ပြနေပါပြီ။ဒါပေမယ့် BTS ဟာ မီဒီယာတွေရဲ့ ရှုပ်ထွေးနေမှုကို ရိုးရှင်းစွာ ထိုင်ကြည့်ပြီးမနေနိုင်ခဲ့ပါဘူး။ ကမ္ဘာကြီးက ပိုအလုပ်များလေလေ သူတို့ဘာလုပ်ရမယ်ဆိုတာ သေချာသိလေလေပါပဲ။
SUGA က ထိုအချိန်က သူတို့ရဲ့ခံစားချက်များကို ပြန်အမှတ်ရခဲ့ပါတယ်။
Suga
"BBMAs မှာ အဓိကဆုကို ကျွန်တော်တို့ ရခဲ့တုန်းက ဒါကြီးက ကျွန်တော်တို့အတွက် "Greatness" ဖြစ်လိုက်တာဆိုတဲ့ စိတ်ခံစားချက်မျိုး မခံစားခဲ့ပါဘူး။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ရဲ့ ခရီးစဉ်က ရက်အနည်းငယ်အတွင်း စတင်ခဲ့ပြီး ဒီအခိုက်အတန့်လေးကို ခံစားဖို့တောင် အချိန်မရှိခဲ့လို့ပါ။ ကျွန်တော်တို့ ခုနစ်ယောက်ကို အရမ်းကြိုက်တယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အမြဲတမ်းအတူတူပါပဲ။ အဲဒါကို သိပ်ပြီးတော့ စဉ်းစားဖို့မလိုဘူး။ ဆုပေးပွဲရဲ့ အရေးပါမှုကို ကျွန်တော်တို့ သဘောမပေါက်လို့ မဟုတ်ဘူး အဲဒါကို အရမ်းကြီး မမှီခိုမိအောင် ကြိုးစားနေတယ်လို့ပဲ ထင်ပါတယ်။"
YOU ARE READING
BEYOND THE STORY
Nonfiksiကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...