Life, Art, Sleep
Suga
"အဲဒီတုန်းကတောင် နာကြည်းမှုတွေ အများကြီး ခံစားခဲ့ရတယ်။ ခေါင်းထဲမှာ နစ်မွန်းနေခဲ့တယ်။ဒါတွေအားလုံး ဘယ်လိုအဆုံးသတ်ခဲ့ရလဲ... အတွေးတွေကို စနစ်တကျ မထိန်းနိုင်ခဲ့ဘူး။""Make It Right" ဆိုတဲ့ သီချင်းစာသားကို ရေးနေရင်းနဲ့ ဖြစ်ပေါ်နေတဲ့ SUGA ရဲ့ စိတ်အခြေအနေပါ။
" LOVE YOURSELF ပြီးဆုံးချိန်မှစပြီး အောင်မြင်မှုရပြီးနောက်မှာ ဖြစ်ပေါ်လာတဲ့ စိုးရိမ်ပူပန်မှုမျိုးကို သူခံစားခဲ့ရပါတယ်။Suga
"ဆိုးဆိုးရွားရွား ပြီးဆုံးသွားမလားလို့မြင်တယ်။ အောင်မြင်သူတွေ ဖြစ်ပေါ်လာတဲ့ အဆုံးသတ်မျိုးပါ။ 'သူတို့ ဘယ်အချိန်ကျမှ ပြုတ်ကျမလဲ' လို့ တွေးရင်းနဲ့ အောက်မှာ လူတွေက ကျွန်တော်တို့ကို စောင့်နေကြတယ်ဆိုတဲ့ ခံစားချက်မျိုး ရှိခဲ့တယ်... ဒီအခြေအနေ ပြီးသွားချိန်မှာတောင် စိုးရိမ်စိတ်က အသွင်သဏ္ဍာန်ပြောင်းသွားမယ်ဆိုတာ မသိခဲ့ဘူး။ ဒါကြောင့် သီချင်းစာသားများ ထွက်ပေါ်လာခဲ့တယ်။""Make It Right" ဟာ ARMY ရဲ့ကယ်တင်ခြင်းခံရတဲ့ BTS ၏သမိုင်းမှတ်တမ်းတစ်ခုဖြစ်ခဲ့ပါက SUGA ရဲ့ ကိုယ်ရေးကိုယ်တာအတွက်တော့ ဒီသီချင်းက ကယ်တင်ခြင်းကိုရှာဖွေနေဆဲဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါလိမ့်မယ်။
YOU ARE READING
BEYOND THE STORY
Sachbücherကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...