"ဦးလွင် သား ရေချိုးချင်လို့"ဧည့်ခန်းတွင် ဦးလွင်နှင့် ဦးလွင်ဒယ်ဒီတို့ ထိုင်နေကြရာ ခန့် ဦးလွင်အနားသို့ သွားရပ်၍ ခပ်တိုးတိုးပြောလိုက်၏။ ဆောင်းတွင်း စကတည်းကမှ ယခု တပေါင်းလ ရောက်သည်အထိ ဦးလွင်က ခန့်အား ညပိုင်း ရေမချိုးရ အမိန့်ထုတ်ထားသည်ကြောင့် ယခု (၇)နာရီထိုးခါနီးပြီဖြစ်၍ ဦးလွင်ဆီသို့ ခွင့်တောင်းနေခြင်းပင်။
"ည ရောက်နေပြီလေ ခန့်ငယ်၊ မချိုးရဘူး"
ဦးလွင် ဒယ်ဒီနှင့် စကားပြောနေရာမှ ခန့်အား မော့ကြည့်ရင်း ပြောလိုက်၏။
နေ့ပူလို့ညချမ်း၊ တပေါင်းလ လသရမ်း ပေမို့ ဦးလွင်အနေနှင့် ခန့်အား ညဘက် ရေပေးမချိုးခြင်းဖြစ်သည်။ ရေချိုးချိန်မှားသည်နှင့် ဖျားတတ်သည့်ကလေးငယ်အကြောင်း ဦးလွင်သာ အသိဆုံးပေမို့ သူ ခွင့်ပြုပေးလိုက်ရန် မဖြစ်ချေ။
"သား မြန်မြန်လေး ချိုးလိုက်မယ်လေ ... နော် ဦးလွင်"
"မချိုးရဘူး လို့ ပြောပြီးပြီလေ ခန့်ငယ်! ၊ စကားကို တစ်ခွန်းတည်း နားမထောင်ပြန်ဘူးလား၊ ဂျစ်တူမလုပ်ဖို့ သတိပေးပြီးသားနော်၊ မမှတ်မိတာလား၊ ဘာလဲ ရိုက်မှ မှတ်မှာလား ဟမ်"
"မဟုတ်ပါဘူးဗျာ့၊ အဲ့တာဆို သား အ၀တ်သွားလဲလိုက်ဦးမယ်နော်"
ဦးလွင် မျက်ခုံးတန်းထူထူတို့ တွန့်ချိုးကာ စိတ်တိုနေပြီမို့ ခန့် ခေါင်းကိုငုံ့ကာ ပြောလိုက်တော့သည်။
"အင်း ... မြန်မြန်သွားလဲပြီး ပြန်ဆင်းခဲ့၊ ထမင်းစားရအောင်"
"ဟုတ်ကဲ့"
"ငါ့သားရယ်၊ ကလေးကချိုးချင်နေတာ၊ ပေးချိုးလိုက်တာမဟုတ်ဘူး"
ခန့် အပေါ်တက်သွားသည်နှင့် ဦးမြင့်မြတ်ရှိန်း သားဖြစ်သူအား လှမ်းပြောလိုက်ခြင်းဖြစ်သည်။
"ဒယ်ဒီမသိလို့၊ ခန့်ငယ်က ရေချိုးမှားရင် တန်းဖျားတာ၊ သူ ဖျားရင် ကျွန်တော်လည်း ဝေဒနာ ၀င်ခံပေးလို့မရဘူး၊ သူဖြစ်ရင် သူခံရမှာ၊ အဲ့တာကြောင့် ခွင့်မပြုလိုက်တော့တာ၊ ပြီးတော့ စာမေးပွဲလည်း နီးနေပြီလေ"
YOU ARE READING
အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}
Romance*** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** *** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** #ဒီ ဇာတ်လမ်းလေးကို unpublished လုပ်မည်မဟုတ်သလို စာအုပ်လည်း မထုတ်ပါ# Start date - Sep - 20 - 2022 End date - Dec - 20...