Ep- 92 Zawgyi

465 35 1
                                    


"နောက်ငါးလလောက်ဆို သူရမွေးနေ့ရောက်ပြီလေ၊ အဲ့ကျရင် အခုအစား သားတို့ကို သားတို့ချည်းပဲ သက်သက် သောက်ခွင့်ပေးပါ့လားလို့ ဟီးဟီး"

"လူလည်မကျနဲ့ ခန့်ငယ်၊ ကိုယ်ပြောပြီးသား၊ ကိုယ့်ရှေ့မှာပဲ သောက်ခွင့်ပြုမယ်ဆိုတာ"

"ဟွန့် ..."

ဦးလွင်ဆီမှ မျက်မှောင်ကျုံ့၍ အဆူခံလိုက်ရသည်ကြောင့် ခန့် မကျေနပ်ချင်။ တကယ်ဆို အပေးအယူတော့ ရှိသင့်တယ်မဟုတ်လား။

ခန့်ဘေးရှိ သူရကတော့ ဦးလွင် စိတ်တိုနေပြီမို့ ခန့်ကို တံတောင်ဖြင့် တို့ကာ ဆက်မပြောတော့ဖို့ ခေါင်းလေးရမ်းပြနေ၏။ နှိုင်းနှင့် စွမ်းပြည့်မှာလည်း ရင်တထိတ်ထိတ်။

စားပွဲဝိုင်း၌ ဦးလွင်၏ ညာဘက်ဘေးတွင် ခန့်ထိုင်ပြီး ခန့်၏ ညာဘက်တွင် သူရ၊ သူရ၏ ညာဘက်တွင် စွမ်းပြည့် နှင့် စွမ်းပြည့်၏ ညာဘက်တွင် နှိုင်း ထိုင်နေခြင်းဖြစ်သည်။

"အဲ့တာဆို ဒီတစ်ပတ် ပိတ်ရက် ရိုက်ကူးရေးပြီးရင် သူငယ်ချင်းတွေနဲ့ စက်ဘီးပတ်စီးချင်တာ ခွင့်ပြုပေး"

ခန့်က သူရတားနေသည်ကို လက်မခံဘဲ နောက်ထပ် တောင်းဆိုမှုတစ်ခု ပြုလိုက်လေ၏။

"မရဘူး !"

"တစ်ခုတော့ ခွင့်ပြုပေးလေဗျာ"

"မရဘူးလို့ ပြောနေတယ်၊ ဆက်မဂျစ်နဲ့ ခန့်ငယ် ..."

ဦးလွင် လက်ထဲတွင် ကိုင်ထားသည့် ဇွန်းဖြင့် ခန့်၏ နဖူးကို ဂွက်ခနဲနေအောင် ခေါက်ပစ်လိုက်ချင်စိတ်ကို ထိန်းထားလိုက်ရ၏။ စားပွဲဝိုင်းတွင် ကပ်လျက်ထိုင်နေပြီး ခပ်ကြိတ်ကြိတ်ဖြင့်သာ ပြောနေကြသည်ကြောင့် သူတို့ကို သူတို့ဝိုင်းကလွဲ တခြားဝိုင်းက မကြားမိ၊ အာရုံမထားမိပါချေ။

"ဦးလွင်ကလည်း ... နှစ်ခုထဲက တစ်ခုကို ခွင့်မပြုပေးရင် သား ဦးလွင်ကို စကားမပြောတော့ဘူး"

"ဘာ ! ၊ မဂျစ်သင့်တာကို ဂျစ်နေတာ ထွန်းခန့်သော်တာက၊ လူရှင်းတဲ့ သန့်စင်ခန်းကိုခေါ်သွားပြီး အခုချက်ချင်းအပြစ်ပေးတာခံ‌ချင်နေတာလား၊ ဟမ် ! "

"ဟင့် ..."

ခန့်ကတော့ အသံသေးသေးလေးနှင့်အတူ မျက်ဝန်းအိမ်မှ မျက်ရည်စက်ကလည်း အလိုက်မသိ ကျလာသည်မှာ ပေါက်ခနဲ။

အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}Where stories live. Discover now