"ငါ့စကားကို တော်တော်နားထောင်တဲ့ လေးယောက်ပါလား ဟမ်!!!""ဟင် ဦး... ဦးလွင်"
"ဟာ ... ဆ... ဆ... ဆရာ"
"အဲ ..."
"ဟင် ..."
ဦးလွင် ခန့်တို့ရှိရာနားသို့ လာရင်း လှမ်းအော်လိုက်သည်ကြောင့် လေးယောက်သား အာမေဍိတ်သံ ပေါင်းစုံတို့ ထွက်ကာ ခန့် နှင့် နှိုင်း က ကိုင်ထားသည့် ရေပုံးတို့ကို ပစ်ချ၍ လက်နှစ်ဖက်ရှေ့ချကာ ရပ်နေသဖြင့် သူရ နှင့် စွမ်းပြည့်ပါ ထိုကဲ့သို့ လိုက်လုပ်လိုက်ကြသည်။
"ဒီ ဦးဦးက ရေလည်း စိုသေးဘူး"
"အိုး မဖြစ်ဘူး ..."
ဗွမ်း***
ကလေးပိစိ နှစ်ယောက်က ဦးလွင်အား ရေပက်လိုက်သည်မို့ ခန့် ဦးလွင်အား သိုင်းဖက်ကာ ကာပေးလိုက်သဖြင့် ပက်လိုက်သည့်ရေကတော့ ဦးလွင်ကို အနည်းငယ်သာစင်သွားပြီး ခန့်ကိုသာ အကုန်စိုစေတော့၏။ သိုပေသည့် ခန့် ကိုယ်လေးက ရေစိုနေသည်ကြောင့် ခန့် ဖက်လိုက်သည့် ဦးလွင်ပါ ရေအနည်းငယ်စိုသွားသည်။
"အဟမ်း ..."
ရေပက်သည်ကို သူရဲကောင်းလုပ်ကာ ၀င်ကာပေးနေသည့် ကလေးငယ်ကြောင့် ဦးလွင်း ပြုံးရင်း ချောင်းတစ်ချက် ဟန့်လိုက်၏။ ခန့် သူငယ်ချင်းများသည်လည်း ပြုံးစိစိဖြင့် ကြည့်နေကြရင်း မျက်နှာပိုး အတော်သတ်ယူလိုက်ကြရ၏။
"ဟို ... သားက ဦးလွင် စိုမှာစိုးလို့"
"အင်း ... သူငယ်ချင်းတွေနား ငြိမ်ငြိမ်သွားရပ်နေ၊ ကလေးတွေနဲ့ စကားပြောဦးမယ်"
"ဟုတ်ကဲ့ ... ဟုတ်"
ဖက်ထားသည်ကို ခွာလိုက်ပြီး ခေါင်းငုံ့ကာ ရှက်နေသည့် ကလေးငယ်အား ဦးလွင် ပြောလိုက်ကာ ကလေးပိစိ နှစ်ယောက်ဆီသို့ သွား၍ ငုတ်တုတ် ထိုင်ရင်း ကလေးနှစ်ယောက်နှင့် စကားပြောလိုက်သည်။
ခန့်တို့ လေးယောက်ကတော့ ရပ်နေရင်း ဦးလွင်ကိုကြည့်ကာ တစ်ယောက်နှင့် တစ်ယောက် တံတောင်ဖြင့် တို့နေကြတော့သည်။ "ဘယ်လိုလုပ်ကြမလဲ ငါတို့ အတွယ်ခံရတော့မယ်" ဟူသည့် သဘောပင်။
YOU ARE READING
အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}
Romance*** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** *** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** #ဒီ ဇာတ်လမ်းလေးကို unpublished လုပ်မည်မဟုတ်သလို စာအုပ်လည်း မထုတ်ပါ# Start date - Sep - 20 - 2022 End date - Dec - 20...