Ep- 80

399 35 0
                                    


"ဟင် ... ဦးလွင်!!!"

ကလေးငယ်၏ အသံကျယ်ကျယ် ကြားလိုက်ရပြီး၊ ပုံရိပ်ခပ်ရေးရေး မြင်လိုက်ပြီးသည်နှင့် ဦးလွင် လက်ရှိလောကနှင့် ခေတ္တခဏ အဆက်အသွယ် ပြတ်သွားတော့သည်။

"ဆရာ! ..."

ဦးလွင် ရုံးခန်းထဲသို့ ရောက်ရောက်ချင်း ထိုင်ခုံတွင် ထိုင်မည်အပြု ခေါင်းထဲ မိုက်ခဲဖြစ်ကာ အမှောင်ကျသွားသည်မို့ ထိုင်ခုံပေါ် ပြုတ်ကျသွားသည်ကြောင့် ခန့် အော်ရင်း ဦးလွင်ဆီ အပြေးသွားထိန်းလိုက်၏။ ထိုက်စံလည်း အမြန် ၀င်ထိန်းပေးလိုက်တော့သည်။

ခန့် ရိုက်ကူးရေးချိန် တစ်လျှောက်လုံး ဦးလွင်ကို စိတ်မချသဖြင့် ဦးလွင် အစည်းအဝေး ပြီးမပြီး သိချင်၍ ရိုက်ကူးရေး ခဏနားချိန်တိုင်း မန်နေဂျာဖြစ်သူ မိုးသောက်အား သွားကြည့်ပေးဖို့ရန် အကူအညီ တောင်းရသေး၏။

ခန့် သည်နေ့တွင် ရိုက်ကူးရသည်က ဘီစကစ်မုန့်လုပ်သည့်အပိုင်းဖြစ်သဖြင့် ကုမ္ပဏီတွင်သာ indoor ရိုက်ကူးရသည်ကြောင့် ထိုသို့ အကူအညီတောင်းလို့ ရနေခြင်းပင်။

ခန့်ကိုယ်တိုင် မသွားနိုင်သည်ကလည်း ရိုက်ကူးရေးခဏနားချိန် ဖြစ်သော်လည်း ရိုက်ကွင်းတာဝန်ခံနှင့်တော့ စကားပြောနေရသည်ကြောင့် မိုးသောက်ကိုသာ အကူအညီတောင်းရပါ၏။

ဦးလွင်ကို စိတ်ပူနေပါသော်လည်း ကင်မရာ ရှေ့တွင်တော့ အပြုံးမပျက် အလုပ်ကို သေချာလုပ်ခဲ့သည့် ခန့်ပုံစံလေးက ရင့်ကျက်တည်ငြိမ်လွန်းလှပါသည်။

"ဦးလွင် သားအသံကြားရလား ... ဦးလွင်"

ခန့် ဦးလွင်အနားသို့ ရောက်ရောက်ချင်း ပါးပြင်လေးပေါ် လက်ဖဝါးဖြင့် အသာအုပ်ကာ ငိုချင်နေသည့် စိတ်ကို ထိန်းရင်း မေးလိုက်‌ပြီး ဦးလွင်ကို သူ့ကျောပေါ် တင်ဖို့ ပြင်လိုက်၏။

"Moon ... အစ်ကို ခေါ်သွားပေးရမလား"

"ရတယ် အစ်ကိုထိုက်စံ၊ ကျွန်တော်နိုင်တယ်၊ ကျွန်တော့်ကို ကျောပေါ်ရောက်ဖို့ပဲ ကူညီပြီးထိန်းပေးပါဦး"

"ဟုတ် ၊ ဟုတ် Moon"

"အစ်ကိုထိုက်စံ၊ မရိုမသေ ဖုန်း၊ ပိုက်ဆံအိတ်လေး ယူခဲ့ပေးပါဦး၊ ပြီးတော့ အစ်ကိုအားရင် ဆေးခန်းကို လိုက်ခဲ့ပေးပါဦး"

အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}Where stories live. Discover now