Ep- 76

397 33 0
                                    


ဖြောင်း!!

"အင့်"

ဦးလွင် သူ့အနားရောက်လာသည့် ဂျစ်တူးကောင်လေးအား ဘယ်လက်ဖြင့် ခပ်တင်းတင်းဖက်ကာရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီးနောက် တင်ပါးလုံးလုံးလေးအား ညာလက်ဖြင့် လွှဲရိုက်လိုက်သည်မှာ ဖြောင်းခနဲ။

တစ်ချက်ဆို တစ်ချက် ဦးလွင်လက်ဆ'က ညအိပ်ဝတ်စုံ ခပ်ပါးပါးသာ ဝတ်ထားသည့် ခန့်အတွက်တော့ မသက်သာလှ။

"ဂျစ်နေတဲ့ကောင်လေးကို တစ်ချက်လောက်တော့ ရိုက်သင့်တယ်မလား ... ဘယ်နှချက်လောက် ရိုက်သင့်လဲ ... ဟင်"

"တစ်ချက်တည်းပါ ၊ တစ်ချက်တည်းပဲ ရိုက်သင့်တာ၊ ဦးလွင်လက်ကြီးက နာတယ်လို့"

"ဟုတ်လား ၊ ဒါဆို ကြက်မွှေးနဲ့ဖြစ်ဖြစ်၊ ကြိမ်လုံးနဲ့ဖြစ်ဖြစ် ပြောင်း ရိုက်ပေးရမလား"

"ဟင် ဦးလွင်နော်၊ သားက အဲ့လိုဆိုလိုတာမှမဟုတ်တာဗျာ့၊ သိရဲ့သားနဲ့"

"မသိပါဘူး၊ ကိုယ်က သနားလို့ ပြောင်းရိုက်ပေးမို့"

"ဟွန့် လွှတ်ပါ ... သား ပန်းကန် ဆေးတော့မယ်"

ရင်ခွင်ထဲမှ ကောင်လေးက လှုပ်လှုပ်ရှားရှားဖြစ်လာပြီး ရင်ခွင်ထဲကနေ ထွက်ဖို့ ကြိုးစားလာတော့၏။

"ကိုယ်‌ဆေးလိုက်မယ်၊ ခန့်ငယ်က ငြိမ်ငြိမ်လေး ရပ်နေတော့"

ဦးလွင်က ဖက်ထားသည်ကို အသာ လွှတ်ပေးရင်း ပြောလိုက်ခြင်းဖြစ်သည်။

ထမင်းစားပြီးပြီးချင်း တန်းမထိုင်ရဘဲ မိနစ်နှစ်ဆယ်လောက် မတ်တတ်ရပ်ရသည်မှာ ဦးလွင် လုပ်ပေးထားသည့် အကျင့်ပင်။

"မရပါဘူးနော် သားပဲ ဆေးမှာ"

ပြောပြီးသည်နှင့် ထမင်းစားခန်းထဲသို့ ဝင်သွားသည့် ကလေးငယ်အားကြည့်ပြီး ဦးလွင် ပြုံးနေမိတော့၏။ ထို့နောက် ချက်ချင်းပင် ချစ်သူလေးနောက် လိုက်သွားလိုက်ပြီး ဘေစင်တွင် ပန်းကန်ဆေးနေသည့် ကလေးငယ်အား နောက်မှ သိုင်းဖက်လိုက်တော့သည်။

"ဟင် ... ဦးလွင်"

"ခန့်ငယ် တစ်ယောက်တည်း ဆေးနေတာ ပျင်းနေမှာစိုးလို့"

အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}Where stories live. Discover now