Ep- 102 Zawgyi *p*

484 38 2
                                    

"အွန်း ... တိုးတက်လာတယ် ၊ဒါ‌ပေမဲ့ ဆယ်ချက် ရိုက်မယ်၊ အသင့် အနေအထားနေ၊ အကယ်၍ ဒီနေ့လည်း အဲ့နေ့ကလို ပုံစံမျိုးပဲ ဖြစ်နေမယ်ဆိုရင် ကိုယ်က သီချင်းတစ်ပုဒ်ကို ဆယ်ငါးချက်နှုန်းနဲ့ အချက် သုံးဆယ် ရိုက်တော့မှာ၊ အဲ့တုန်းက နည်းနည်း ယိုင်ချင်နေတဲ့ pitchတွေလည်း အခုတော့ အဆင်ပြေသွားပြီး စာသားတွေလည်း ရနေပြီမို့ တစ်ပုဒ် ငါးချက်နှုန်းပဲ ရိုက်တော့မယ်"

ဦးလွင်က ပြောရင်း ထိုင်နေရာမှ ထရပ်ကာ ကြိမ်လုံးကိုပါ တစ်ခါတည်း ယူလိုက်ပြီး နှိုင်း အနားရောက်လာပြီမို့ နှိုင်း လက်ကလေးပိုက်ရင်း ပြန်ပြောလိုက်တော့သည်။

"ဟုတ်ကဲ့ ကျေးဇူးပါ ဆရာ"

"နှိုင်းဝဏ္ဏ၊ ကိုယ့်ကိုယ်ကိုယ် အရိုက်ခံသင့်တယ်လို့ တွေးရဲ့လား၊ အခု ပြန်ဆိုနိုင်သွားတာတောင် အရိုက်ခံရဦးမယ်ဆိုတော့ မတရားသလို ခံစားရလား"

ဦးလွင်က နှိုင်းတင်ပါးပေါ် ကြိမ်လုံးဖြင့် ထိကပ်ရင်း မေးလိုက်ခြင်းဖြစ်သည်။

"ဟင့်အင်း၊ မခံစားရပါဘူး၊ သား အပြစ်တွေလုပ်ခဲ့မိတာကြောင့် အရိုက်ခံသင့်တယ်လို့ပဲ တွေးထားတာပါ၊ အခု သားစိတ်ထဲမှ နည်းနည်းလေးမှ မတရားသလို မခံစားရပါဘူး၊ တကယ်ပါ ဆရာ"

"အွန်း၊ ဟုတ်ပြီ၊ ဒီနေ့ နာကျင်မှုကို သေချာမှတ်ထား၊ နောက် လုံးဝမဖြစ်စေနဲ့၊ နောက်ဆို နှိုင်းက Stageပေါ်မှာ ပရိတ်သတ်တွေကို ဖျော်ဖြေရမှာလေ၊ အဲ့အချိန်မှာ စာသားမရလို့ ဆိုပြီး ကြည့်ဆိုလို့ မရဘူးဆိုတာ သိတယ်မလား၊ အခုတည်းက အဲ့အကျင့်ကို ဖျောက်ထား၊ ကြားလား"

"ဟုတ်ကဲ့ဆရာ၊ မှတ်ထားပါ့မယ်၊ အဲ့နေက သား စိတ်လောပြီး စာသားတွေ ကျက်နေပေမယ့် မမှတ်မိဘူးဖြစ်နေတာကြောင့် ကြည့်ဆိုလိုက်မိတာပါ၊  နောက်အဲ့လိုမဖြစ်စေရပါဘူး"

"အွန်း လိမ္မာတယ်၊ လက်ကို ပိုက်ထားနော်၊ ကာမလာနဲ့"

ဖြောင်း!

"အာ့ ဟုတ်ကဲ့ (၁)ပါ ဆရာ"

"ဦးလွင်က ပြောပြီးပြီးချင်း နှိုင်းအဖြေကိုမစောင့်ဘဲ ကြိမ်လုံးနှင့် တင်ပါးအား တန်းမိတ်ဆက်လိုက်သည်ကြောင့် နှိုင်းမှာ ပြန်ဖြေရင်း အချက်ရေ ရေလိုက်ရတော့၏။

အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}Where stories live. Discover now