"ကိုကို ... အီးးဟီးးးး အဟင့်"
"အငယ်မ ဘာဖြစ်တာလဲ"
"မေမေ မူးလဲလို့ ကိုကို အီးးဟီးးး"
"ဘာ ... ကိုကို အခုချက်ချင်း ဆေးရုံကားဖုန်းဆက်ပြီးလွှတ်လိုက်မယ်၊ ကိုကိုလည်း အခုချက်ချင်း လာခဲ့မယ်၊ မငိုနဲ့နော် ညီမလေး၊ ကိုကို လာပြီ သိလား"
"ဆေးရုံကား ဖုန်းမဆက်နဲ့တော့ ကိုကို၊ အင့် ... ဘေးအိမ်က အန်တီဇင်မာက ဖုန်းဆက်ပေးတယ်၊ ရောက်လာတော့မှာ၊ အင့် ကိုကို ဆေးရုံကိုပဲ တန်းလိုက်ခဲ့တော့နော်"
"အေးအေး ညီမလေး ကိုကို အခု လာပြီနော်"
မိုးသောက် ရုံးတွင် ရှိနေစဉ် ညီမဖြစ်သူဆီမှ မေမေ့သတင်းကြားလိုက်ရသည်ကြောင့် မိုးသောက် ဆရာ့ဆီ ခွင့်တောင်းကာ ဆေးရုံသို့ တန်းသွားလိုက်တော့သည်။ ဆရာ့ရုံးခန်းတွင် Moonက စာကျက်နေသည်ကြောင့် Moon ပါ လိုက်ခဲ့ပေး၏။ မနက်ဖြန်ပဲ စာမေးပွဲစဖြေရတော့မည်ကိုတောင် လိုက်လာပေးသည့် Moonကိုလည်း မိုးသောက် အားနာရသလို ကျေးဇူးတင်လို့လည်းမဆုံး။ ဆရာ့၏ ခွင့်ပြုချက်ဖြင့် အစ်ကိုထိုက်စံကလည်း သူနှင့် လိုက်လာပေးပြီး ဆေးရုံသို့ ကားမောင်းပို့ပေးခြင်းဖြစ်သည်။ Moonလည်း သူတို့ကားနှင့် တစ်ခါတည်း လိုက်လာခြင်းပင်။ ဆရာကလည်း သူ အရေးတကြီးစီစစ်ပေးရမည့် အလုပ်လေး လက်စသတ်ပြီးသည်နှင့် တစ်ခါတည်း လိုက်လာမည်ဖြစ်ကြောင်း ပြောကာ အရမ်းစိတ်မပူဖို့၊ အားမငယ်ဖို့လည်း မှာလိုက်ပါသေး၏။
ဆေးရုံ လူနာခန်းထဲရောက်သည်နှင့် ဆေးချိတ်ထားသည့် မေမေ့ဘေး ထိုင်ငိုနေသည့် မိုးစက်ကို ချော့ရသေး၏။ အန်တီဇင်မာက ရိုရိုးလူနာခန်း တစ်ခန်း ယူပေးထားပြီး ညီမလေးဘေးတွင် ကူစောင့်ပေးနေသည်ကြောင့် မိုးသောက် အန်တီဇင်မာ့ကို ကျေးဇူးတင်စကား အထပ်ထပ်ဆိုမိ၏။ သူတို့ရောက်လာပြီး ခဏအကြာတွင်တော့ အန်တီဇင်မာလည်း သူ့အိမ်က လာကြိုပြီဖြစ်၍ အိမ်ပြန်သွားတော့သည်။
ထိုက်စံနှင့် ခန့်က ဆရာဝန်ကြီး ညွှန်ကြားလိုက်သော လိုအပ်သည့် ဆေးတို့ကို သွားဝယ်စဉ် ဦးလွင်လည်း ဆေးရုံသို့ ရောက်လာပြီး မိုးသောက်၏မိခင်ကို VIP လူနာခန်းသို့ ပြောင်းရွှေ့ပေးရန် စီစဉ်ပေးလိုက်၏။ ဆေးရုံတက်နေစဉ် ကုန်ကျမည့် ကုန်ကျစရိတ်အားလုံးကိုလည်း ဦးလွင်က တာဝန်ယူမည်ဖြစ်ကြောင်း ပြောခဲ့ပါ၏။
YOU ARE READING
အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}
Romance*** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** *** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** #ဒီ ဇာတ်လမ်းလေးကို unpublished လုပ်မည်မဟုတ်သလို စာအုပ်လည်း မထုတ်ပါ# Start date - Sep - 20 - 2022 End date - Dec - 20...