" (၁၀)ချက် "ကလေး လေးယောက်၏ အဖြစ်ကိုကြည့်ရင်း ဦးလွင် အတော်လေး ရယ်ချင်မိပါသော်လည်း ရုပ်တည်ဖြင့်သာ ခပ်တည်တည် ပြောလိုက်ခြင်းဖြစ်သည်။
" ဟင် !!!! "
"ဦးလွင် ဟိုလေ ... နေရာ ပြောင်းရိုက်မှာလား၊ တစ်နေရာတည်းရိုက်မှာလားဟင်"
"တစ်နေရာတည်းကို ရိုက်မှာပေါ့"
ဈေးဆစ်လျှင် ထပ်တိုးတတ်သည့် ဦးလွင်၏ အကျင့်ကြောင့် သူတို့လေးယောက် တစ်ယောက်နှင့် တစ်ယောက် မျက်စပစ်ပြကြရင်း ခေါင်းကို အသည်းအသန် အလုပ်ပေးလိုက်ကြတော့၏။
"ငါက အချက်(၂၀)လောက်ထိ ခံနိုင်တော့ (၂)ခွက် သောက်လို့ရတယ်"
ခန့် သူ့သူငယ်ချင်းများကို ပြောလိုက်သည့် စကားကြောင့် ဦးလွင် တစ်ဖက်သို့ လှည့်ကာ မသိမသာ ရယ်လိုက်မိတော့သည်။
"ငါရောပဲ၊ (၂)ခွက်ရတယ်"
ခန့်ပြောအပြီး နှိုင်းကပါ သူလည်း နှစ်ခွက်ရကြောင်း ပြောလာလေ၏။
"ငါဆို (၄)ခွက်၊(၅)ခွက် အထိ ရတယ်"
စွမ်းပြည့်၏ မော်ချီချီ အပြောကြောင့် ခန့်တို့ မျက်စောင်း ဝိုင်းထိုးလိုက်ကြသေး၏။
"ငါ ... ငါတော့ မရဘူး၊ တစ်ခွက်တောင် ငါ့အတွက် (၁၀)ချက်က တော်တော်များနေပြီ"
သနားစရာ သူရ၏ အသံလေးကြောင့် ခန့်တို့သုံးယောက်ပင် မျက်နှာလေး မဲ့သွားမိကြတော့သည်။
"အဲ့လိုဆို ငါတို့ တစ်ခွက်စီပဲ သောက်ရအောင်ပါ"
"အေး ..."
ခန့်၏ စကားအား ကျန်သုံးယောက်လည်း ထောက်ခံသည်ကြောင့် ခန့် ဦးလွင်ဘက်သို့ လှည့်၍ ပြောလိုက်၏။
"ဟို ... ဦးလွင်၊ သားတို့ တစ်ခွက်စီပဲသောက်မယ်နော်"
"အင်း ... ဆယ်ချက်နော်"
"ဟုတ်ပါ"
"ဘာသောက်ကြမှာလဲ ကိုယ် သွားယူပေးမယ်"
"ရပါတယ် ဦးလွင်၊ သားပဲ သွားယူလိုက်မယ်လေ၊ ဦးလွင်ရော သောက်မှာလား"
"ကိုယ် မသောက်ဘူး"
"သော်ကြီး ထိုင်နေလိုက်၊ ငါသွားယူလိုက်မယ်"
YOU ARE READING
အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}
Romance*** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** *** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** #ဒီ ဇာတ်လမ်းလေးကို unpublished လုပ်မည်မဟုတ်သလို စာအုပ်လည်း မထုတ်ပါ# Start date - Sep - 20 - 2022 End date - Dec - 20...