"အွန်း သိရင် ရပြီ၊ အခု အငိုလည်း တိတ်သွားပြီ၊ စိတ်ကလေးလည်း အဆင်ပြေသွားပြီ၊ ကိုယ့်ကိုလည်း ဖက်လို့ဝပြီလို့ ယူဆလိုက်ပြီး ဆေးလိပ်ကိုးလိပ်သောက်ထားတဲ့ကိစ္စလေး ရှင်းလိုက်ကြရအောင်""ဗျာ ..."
ဟုတ်တာပေါ့ ...။ ဦးလွင်က သူ့ကို လက်ဖျားလေးနဲ့တောင် အသားနာအောင်မလုပ်ရသေးတာကို။ ဦးလွင် သူ့ကို အချက်ကိုးဆယ်လောက်ရိုက်ရင်တောင် သူ ခံနိုင်ပါသည်လေ။ ထို့ကြောင့် သူက မျက်လုံးလေး ခဏမျှ ဝိုင်းစက်သွားပြီးနောက် သူ့ကိုကြည့်နေသည့် ဦးလွင်ကို အကြည့်မလွှဲဘဲ ထပ်ပြောလိုက်လေ၏။
"ဟုတ်ကဲ့ ဦးလွင် ...၊ သား အပြစ်ခံယူပါ့မယ်"
"အွန်း ... ကြက်မွှေး၊ ကြိမ်လုံး၊ ခါးပတ်၊ သံပေတံ၊ ဝါးခြမ်းပြား ခန့်ငယ် ကြိုက်တာရွေး"
ခန့် စိတ်ထဲတွင်တော့ "သား တစ်ခုမှ မကြိုက်ပါဘူးဗျာ" ဟူ၍ ပြောလိုက်ပါသော်ငြား အပြင်တွင်တော့ -
"သား ဦးလွင်ရဲ့ သံမဏိလက်ဝါးကို ရွေးလို့မရဘူးလားဟင်"
"နိုး ၊ အန် အို နိုး"
"အဲ့လိုဆို ကြိမ် ကြိမ်လုံးပဲ ရွေးတော့မယ်ဗျာ့"
ဦးလွင်က မျက်လုံးတို့ မှေးစင်း၍ကြည့်ကာ ငြင်းလိုက်သောကြောင့် ခန့် အင်တင်ဖြင့် ကြိမ်လုံးကိုသာ ရွေးလိုက်ခြင်း။
"ယူခဲ့"
"ဟုတ်ကဲ့"
ကလေးငယ်က ကြိမ်လုံးကိုသွားယူ၍ ဦးလွင်ထံ လက်နှစ်ဖက်ဖြင့် ဆက်သလိုက်သည်ကြောင့် ဦးလွင်က ထိုကြိမ်လုံးကို ယူလိုက်ပြီးမှ ခန့်ငယ်ကို ဆက်ပြောလိုက်၏။
"ကြိမ်လုံးနဲ့ တစ်ရက်ကို ကိုးချက် ကိုးရက်တိတိ အရိုက်ခံရမယ်၊ တစ်ရက်ပြီးရင် နောက်တစ်ရက်ကို နေရာပြောင်းရိုက်ပေးမယ်၊ အသားပေါ်ပဲ တိုက်ရိုက် အရိုက်ခံရမယ်"
"ဟင့် ..."
"ဟေး၊ အချက်ရေ မတိုးချင်ရင် အထွန့်တက်လို့မရဘူးဆိုတာ သိတယ်နော်"
မျက်နှာလေးမဲ့ကျလာသည့် ကလေးငယ်ကိုကြည့်ကာ ဦးလွင်ဟန့်လိုက်ခြင်း။
YOU ARE READING
အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}
Romance*** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** *** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** #ဒီ ဇာတ်လမ်းလေးကို unpublished လုပ်မည်မဟုတ်သလို စာအုပ်လည်း မထုတ်ပါ# Start date - Sep - 20 - 2022 End date - Dec - 20...