"ထွန်းခန့်သော်တာ""ဗျာ ... ဗျာ ဦးလွင်"
ခန့်လက်စွမ်းပြထားသည့် နံနက်စာ မုန့်ဖက်သုပ် စားပြီးကြသည်နှင့်တစ်ပြိုင်တည်း "လေးယောက်လုံး ဧည့်ခန်းထဲ လိုက်ခဲ့" ဟူသည့် ဦးလွင်၏စကားကြောင့် ယခု ခန့်တို့ လေးယောက်လုံးက ဆိုဖာပေါ်ထိုင်နေသည့် ဦးလွင်ရှေ့တွင် ခပ်ရို့ရို့လေး တန်းစီကာ ရပ်နေကြရခြင်း။ ရပ်နေကြသည့် သူတို့ကို ဦးလွင် စိုက်ကြည့်နေရင်း အချိန်အတော်လေးကြာမှ ခန့်ကို နာမည်အပြည့်အစုံ ခေါ်လာသည်ကြောင့် ခန့် ပျာပျာသလဲ ထူးမိခြင်းပင်။
"အဲ့နေ့က club မှာ ဖြစ်ခဲ့သမျှ တစ်ခုမကျန် အကုန်ပြော၊ ကိုယ် CCTVသွားကြည့်လို့ရတယ်၊ ဒါပေမဲ့ မင်းကိုယ်တိုင်ပြောပြတာကိုလိုချင်လို့မေးတာ"
"ဟို ... အဲ့ ... အဲ့တုန်းကလေ ************..."
ထွန်းခန့်သော်တာတစ်ယောက် နှုတ်ခမ်းတစ်ကိုက်ကိုက်ဖြင့် အရှိန်ယူကာ သူငယ်ချင်းဖြစ်သူတို့၏ နိုင်ငံခြားခရီးစဉ်မစခင် လူစုံတုန်းမို့ အတူသွားရန် တိုင်ပင်ဖြစ်ခဲ့သည်မှအစ၊ ဂျာကြီးကိုပါ ခေါ်သွားသည်က အလယ်၊ လူတစ်ယောက်ကို ထိုးခဲ့လိုက်သည်အဆုံး၊ မချန်မလပ် အကုန် ပြောပြရတော့၏။
နားထောင်နေသည့် ဦးလွင်၏ မျက်နှာအမူအရာကို ခိုးခိုးကြည့်ရင်း မျက်ခုံးတန်းအစုံက တွန့်ချိုးနေသည်နှင့် ဆုံရချိန်တိုင်းတော့ ခန့်က ခေါင်းကိုငုံ့ကာ အကြည့်လွှဲမိပါသေးသည်။
"ကိုယ်မရှိလို့ အရမ်းကို ပျော်နေခဲ့တာပေါ့"
"အဲ့လိုမှမဟုတ်တာ ... ဦးလွင်သိရဲ့သားနဲ့"
ကြောက်တာက ကြောက်တာ တစ်ကဏ္ဍ။ တကယ်တော့ ခန့်က အဲ့လိုမှမဟုတ်တာကို။ စွပ်စွဲချက် ပြင်းထန်လှသည့်လူကြီးကို ခန့် စူပုပ်ပုပ်လေးဖြင့် ရန်လုပ်မိတာက မမှားဘူးမဟုတ်လား။
"အဲ့မှာ ငြိမ်ငြိမ်ရပ်နေကြဦး၊ အသံတစ်စက်မှမထွက်ကြနဲ့"
ဦးလွင်က ပြောပြီးသည်နှင့် ဖုန်းကောက်ဆက်နေသည်မို့ ခန့်တို့လေးယောက် ခေါင်းလေးသာ ပြိုင်တူ ညိတ်ပြလိုက်ကြရသည်။
ဦးလွင်က ထိုနေ့က CCTV record ကို ဖျက်လိုသည်ကြောင့် ထိုအသိုင်းအဝိုင်းနှင့် နီးစပ်သည့် ဦးထွဋ်ကိုကိုထံသို့ ဖုန်းဆက်ကာ အကူအညီတောင်းနေခြင်းပင်။ အကျိုးအကြောင်း အကုန် ပြောပြပြီးသည်နှင့် သုံးရန် လိုအပ်သည့် ငွေကို သူက ပေးမည်ဖြစ်ကြောင်းပြောပြီး ဖုန်းပြောခြင်းကို အဆုံးသတ်လိုက်၏။
YOU ARE READING
အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}
Romance*** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** *** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** #ဒီ ဇာတ်လမ်းလေးကို unpublished လုပ်မည်မဟုတ်သလို စာအုပ်လည်း မထုတ်ပါ# Start date - Sep - 20 - 2022 End date - Dec - 20...