Ep- 58

235 31 0
                                    


သင်္ကြန် အကျနေ့တွင်တော့ ခန့်တို့ ‌လျှောက်လည်ကြမည်ဖြစ်၍ ဘေးအိမ်မှ ညီအစ်ကိုနှစ်ယောက်အား ခေါ်ဖြစ်ပါသေးသည်။ ကလေးမိဘများမှ သူတို့လည်း လိုက်မလည်နိုင်သဖြင့် အကြီးလေးကိုသာ ထည့်လိုက်မည်ဟု ပြောလာလေ၏။ အကြီးလေးကလည်း အငယ်မပါသဖြင့်  ညီလေးနဲ့ပဲ ရေဆော့ရင်း နေခဲ့ချင်ပါသည်ဟု ဆိုလာသည်ကြောင့် ခန့်တို့(၅)ယောက်သာ လည်ဖြစ်ကြတော့သည်။

အကျနေ့တွင်တော့ လမ်းလျှောက်သင်္ကြန်သာ လည်ဖြစ်ကြ၏။ မဏ္ဍပ်အောက်တွင် သူငယ်ချင်းများနှင့်အတူ ပျော်ရွှင်စွာ ကခုန်နေသည့် ခန့်ငယ်ကိုကြည့်ကာ ဦးလွင် သဘောတကျ ပြုံးမိသည်မှာလည်း အခါအခါ။  လေ့ကျင့်ခန်း မလုပ်ချင်သည့် ကလေးငယ်ကို ဦးလွင်ကိုယ်တိုင် သေချာကြပ်မတ် လုပ်စေသည်ကြောင့် ရေစိုနေသည့် ခန့်ကိုယ်လုံးလေးသည် စွဲမက်ဖွယ်အတိ။

သို့ဖြစ်၍ ဦးလွင် ခန့်အနားသွားလိုက်ကာ သူ့ လက်ဖျံပေါ်တင်ထားသည့် မိုးကာအင်္ကျီလေးအား ခန့်ပခုံးပေါ်သို့ တင်ပေးရင်း ပြောလိုက်၏။

"၀တ်ထားတော့"

"ဗျာ ... ဦးလွင်၊ သား မအေးသေးဘူးရယ်"

"ဒါ အခုဝတ်မလား၊ အိမ်ပြန်မလား"

က'နေသည့် ကလေးငယ်က မိုးကာကို ဖယ်ချရင်း ငြင်းဆန်လာသည်ကြောင့် ဦးလွင် မျက်မှောင်ကျုံ၍ကြည့်ကာ မေးလိုက်တော့မှ နှုတ်ခမ်းလေး မဲ့ကျပြီး အင်္ကျီကို မ၀တ်ချင် ၀တ်ချင်ဖြင့် ၀တ်လိုက်တော့၏။

"ပြင်ထားမယ်နော်၊ အဲ့ဒီမျက်နှာထားကို"

"ဟင့် ... ဟုတ်ကဲ့"

ထို့နောက် ခန့် သူငယ်ချင်းများဘက်သို့ တိုးကာ စည်းချက်အလိုက် ပြန်လည်ကခုန်နေတော့သည်။

နေ့လယ်တွင်တော့ ဦးလွင်က ကလေး လေးယောက် စားချင်သည့် ထမင်းပေါင်း လိုက်ဝယ်ကျွေးကာ ကားဆရာကိုလည်း ဦးလွင်တို့နှင့် အတူတူသာ ၀င်စားဖို့ ပြောလိုက်သည်။ ဦးလွင်၏ တစ်ချက်လွှတ် အမိန့်တော်ကြောင့် ခန့်တို့ တစ်နေကုန် မလည်ရဘဲ နေ့လယ် (၂)နာရီတွင် အိမ်ပြန်ကြရတော့သည်။

"ဦးလွင် သား ၀က်သားဒုတ်ထိုး စားချင်တာ"

မကြာသေးခင်ကပဲ ထမင်းပေါင်းတွေ စားထားသည့် ကလေးငယ်က အပြန်လမ်းတွင် ၀က်သားဒုတ်ထိုးစားချင်ကြောင်း ပြောလာသဖြင့် ကားဆရာအား ဒုတ်ထိုးဆိုင်ရှေ့ ခဏရပ်ပေးဖို့ ဦးလွင် လှမ်းပြောရပြန်သည်။

အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}Where stories live. Discover now