ဒေါက် ဒေါက် ဒေါက် ***
"ခန့်ငယ် တံခါးဖွင့်၊ မင်းမအိပ်သေးတာ ကိုယ်သိတယ်နော် ထွန်းခန့်သော်တာ! "
ဒေါက် ဒေါက် ဒေါက် ***
"တံခါးဖွင့်လို့ ပြောနေတယ်နော် ခန့်ငယ်! ၊ ကိုယ်ကိုယ်တိုင်ဖွင့်ပြီး ၀င်လာရရင် မင်း မလွယ်ဘူးနော်"
ဒုန်း ဒုန်း ဒုန်း ***
ကားမောင်းနေစဉ် တစ်လျှောက်လုံး စကားမပြောသည့် ကလေးငယ်က သူ လိုက်ပို့ပေးသည့် သူ့ သူငယ်ချင်းတွေအိမ်ရောက်ချိန်တွင်တော့ သူငယ်ချင်းဖြစ်သူတို့ကို နှုတ်ဆက်ရှာပါ၏။ အိမ်ရောက်သည်နှင့် ကားသိမ်းကာ အခန်းထဲဝင်သွားသည့် ဂျစ်တူးကောင်လေးက ယခုတော့ တံခါးကို လော့ချထားလေပြီ။ ရောက်ရောက်ချင်းတုန်းက ဦးလွင်က သူရော ခန့်ပါ ရေချိုးသန့်စင်လုပ်လို့ရရန် ဘာမှ မပြောဘဲ လွှတ်ထားလိုက်သည်က ကလေးငယ်၏ စိတ်ကောက်ခြင်းကို အရှိန်တင်မိသလို ဖြစ်သွားလေသည်လားမသိ။
တံခါးကို ဘယ်လောက်ထုပြီး အော်နေပါစေ အခန်းထဲက ဂျစ်တူးကောင်လေးက ဖွင့်မပေးလာ။ ထို့အတွက်ကြောင့် ဦးလွင် master key ကို သွားယူရင်း ကြိမ်လုံးကိုပါ လက်ကကိုင်လျက် ကလေးငယ် အခန်းဆီသို့ ပြန်လာခဲ့တော့သည်။
ဒုန်း ဒုန်း ဒုန်း ***
"သုံးစက္ကန်ထပ်စောင့်မယ် ခန့်ငယ်၊ မဖွင့်ရင် ကိုယ့်အဆိုးမဆိုနဲ့ ... One ...Two ... Three ..."
ခန့် နံပါတ်စဉ်ရေသံ ကြားလိုက်ချိန် အနည်း ဂနာမငြိမ် ဖြစ်သွားပါသော်ငြား သူ လက်သီးကို တင်းတင်းဆုပ်၍ အားတင်းနေလိုက်၏။ ဒီတစ်ခါတော့ သူ အဆုံးထိ စိတ်ကောက်ပစ်မည်ပင်။
နံပါတ်စဉ်ရေခြင်း သုံးအထိ ပြီးသွားသည်တောင်မှ တံခါးလာမဖွင့်သည့် ဂျစ်တူးကောင်လေးကြောင့် ဦးလွင် မျက်ခုံးတို့ ပင့်သွားရ၏။ "တွေ့မယ် ဂျစ်တူး" ဟု စိတ်ထဲမှကြိမ်းကာ တံခါးကို master key ဖြင့် ဖွင့်၍ ဂျစ်တူးကောင်လေး ထိုင်နေသည့် စာကြည့်စားပွဲဆီသို့ သွားလိုက်တော့သည်။
"အသားမနာတာ ကြာလို့ ဂျစ်နေတယ်ပေါ့လေ၊ ဟုတ်လား ... ဟမ်!"
ခန့်ငယ်နားအရောက် ဦးလွင်က သူ ယူလာသည့် ကြိမ်လုံးကို ကိုင်မြှောက်၍ ခန့်အား ကြိမ်လုံးဖြင့် ရွယ်ရင်း ပြောလိုက်ရာ ထို ဂျစ်တူးကောင်လေးက ဇက်ကလေးကိုပုကာ A4စာရွက်လွတ်ပေါ်တွင် ရေးထားသည့် စာလေးအား ထောင်ပြလာသည်ကြောင့် ဦးလွင် ယူ၍ ဖတ်လိုက်၏။
YOU ARE READING
အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}
Storie d'amore*** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** *** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** #ဒီ ဇာတ်လမ်းလေးကို unpublished လုပ်မည်မဟုတ်သလို စာအုပ်လည်း မထုတ်ပါ# Start date - Sep - 20 - 2022 End date - Dec - 20...