(🚨✨ N/N - အသက်မပြည့်သေးတဲ့ ကလေးတို့က ဒီအပိုင်းကို အပေါ်ပိုင်းလေးပဲဖတ်လိုက်ပါနော်၊ အန် warning သတ်မှတ်ပေးထားပါတယ် ✨🚨)
"ဦးလွင်~"
"အွန်း"
"ဦးလွင် ~~~"
"အင်း ..."
"ဦးလွင်လို့ ..."
"အင်း ပြော"
"ဦးလွင် ~ သားကို စိတ်ဆိုးနေသေးတာလားဟင်"
ဦးလွင် နှင့် ခန့် နှစ်ယောက်သား အိမ်ပြန်ရောက်လာကြပြီးနောက် ယခု ညစာစားပြီးချိန်ထိ ဦးလွင်က ခန့်ကို စကားမပြောတာကြောင့် ဧည့်ခန်းတွင် ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေသည့် ဦးလွင်၏ နောက်ကျောနားတွင် ခန့် ရပ်လျက် ခေါ်နေရင်း မေးလိုက်ခြင်းပင်ဖြစ်သည်။
"ဘယ်လိုထင်လဲ ခန့်ငယ်က"
"သားက ဦးလွင် သားကို စိတ်ဆိုးနေတုန်းပဲလို့ ထင်ပါတယ်၊ သားက ဦးလွင်မရှိတဲ့အချိန် လျှောက်မွှေထားမိတာကို"
"လာ ... ကိုယ့်နားလာထိုင်"
ဦးလွင်က ဖုန်းကို စားပွဲပေါ်လှမ်းတင်လိုက်ပြီး သူ့နောက်ကျောဘက်တွင်ရှိနေသည့် ကလေးငယ်ကိုသူ့ဘေးတွေလာထိုင်ရန်ခေါ်လိုက်ခြင်း။
"ဟုတ်ကဲ့"
"ကိုယ် ခန့်ငယ်ကို တကယ်စိတ်ဆိုးလို့ ဒီတစ်ခေါက် မှတ်လောက်အောင် သုံးရက်လောက် စကားမပြောဘဲ ပစ်ထားမလို့"
"ဟင့်အင်း မလုပ်ပါနဲ့၊ သား တောင်းပန်ပါတယ်၊ မနေတတ်လို့ပါ၊ သား တစ်ပတ်အတွင်း သီချင်းလုပ်ရမှာ၊ ဦးလွင်သာ စကားမပြောဘဲနေရင် သား လုပ်နိုင်မှာမဟုတ်ဘူး"
ဘေးတွင် လာ၀င်ထိုင်လျက် မျက်နှာလေးမဲ့ကာ ငိုတော့မည့်ဆဲဆဲဖြစ်လာသည့် ကလေးငယ်ကြောင့် ဦးလွင် အလျှော့ပေးရတော့မည်ပင်။
"အွန်း ကိုယ်က ဒီတစ်ခါသက်ညှာပေးလိုက်မယ်၊ အဲ့တာကြောင့် နောက်ကို အခုလိုမဖြစ်စေနဲ့၊ အခုလည်းမငိုရဘူး"
"ဟုတ် ၊ သား ကတိပေးတယ်နော် ဦးလွင်"
"အွန်း၊ ဒီတစ်ခေါက် ကိုယ်ရိုက်တာ တော်တော်နာသွားတယ်မလား"
YOU ARE READING
အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}
Romans*** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** *** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** #ဒီ ဇာတ်လမ်းလေးကို unpublished လုပ်မည်မဟုတ်သလို စာအုပ်လည်း မထုတ်ပါ# Start date - Sep - 20 - 2022 End date - Dec - 20...