အချပ်ပိုလက်ဆောင် အပိုင်း ၁၀ Unicode

984 109 40
                                    


ယနေ့တော့ ဦးလွင်၏ရုံးခန်းအတွင်းတွင် လူစုံလျက်။ ခန့်ရိုက်ကူးရေးချိန်ပြီးသည်နှင့် ထိုက်စံရော၊ မိုးသောက်ရော၊ နှိုင်းကိုပါ ဦးလွင်က သူ့ရုံးခန်းသို့ ခေါ်ထားခြင်း။

ဦးလွင်က စားပွဲထိပ်ရှိ ဆိုဖာခုံတွင် ထိုင်နေပြီး ခန့်က ဦးလွင်၏ ညာဘက် ဘေးခုံတွင် ထိုင်နေ၏။ ခန့်၏ ညာဘက်ဘေးတွင်တော့ မိုးသောက်က ထိုင်နေလျက်။ ဦးလွင်၏ ဘယ်ဘက် ဘေးခုံတွင် နှိုင်းက ထိုင်ရပြီး နှိုင်း၏ ဘယ်ဘက်ဘေးတွင်တော့ ထိုက်စံကထိုင်နေခြင်းဖြစ်သည်။ ထို့ကြောင့် ခန့်နှင့် နှိုင်းက မျက်နှာချင်းဆိုင်၊ ထိုက်စံနှင့် မိုးသောက်က မျက်နှာချင်းဆိုင် ထိုင်လျက် အနေအထားပင်။

နှိုင်း၏ မန်နေဂျာဖြစ်သူကိုတော့ ဦးလွင်က တစ်ယောက်တည်း သီးသန့်ခေါ်ကာ နောက်ဆို နှိုင်းကို အမြဲလွှတ်ထားမပေးဘဲ စောင့်ကြည့်နေဖို့ကို သတိပေး မှာကြားထားပြီးဖြစ်ပေသည်။

ယခု ထိုက်စံကို ခေါ်ထားရခြင်း အကြောင်းမှာလည်း ထိုက်စံက သူ့သက်ဆိုင်သူနှင့်ပတ်သက်လျှင် သူ့ကိုပါ အသိပေးဖို့ ဦးလွင်ကို တောင်းဆိုထားခဲ့ဖူးသည်ကြောင့်ပင်။ ဦးလွင်ကလည်း နှစ်ယောက်က လက်ထပ်ပြီးထားသည့်ဆက်ဆံရေးမို့ တောင်းဆိုချက်ကို ချက်ချင်း လက်ခံပေးခဲ့ခြင်း။

ယခုလည်း သူတို့ Clubသွားခဲ့သည့် ကိစ္စကြောင့် ဦးလွင်က ကုမ္ပဏီငွေ သိန်းတစ်ရာလောက်ကို အသုံးပြုလိုက်ရကြောင်း ပြောလာခဲ့သည်ကြောင့် ထိုက်စံကတော့ သူ့အမွှေစိန်အမျိုးသားလေးကို စိုက်ကြည့်မိ၏။ ဤသည်ကြောင့် မိုးသောက်မှာ ခေါင်းကို ငုံ့သည်ထက်ငုံ့ထားမိပြီး ရို့ရို့လေးသာ ထိုင်နေရ၏။ အစ်ကို သူ့ကို တော်တော် ဒေါသထွက်နေလောက်ပြီဟု ခံစားသိသောကြောင့် သူ အသက်ရှူပင် မ၀ချင်တော့။

"ဘယ်လိုဖြစ်ကြတာလဲ"

"ကျွန်တော် တောင်းပန်ပါတယ်ဆရာ၊ ကျွန်တော်က အကြီးဖြစ်ပြီး ထိန်းရမှာကို အပျော်မက်လိုက်မိပါတယ်"

မိုးသောက် ဆရာ့ကိုလည်း မကြည့်ရဲတာကြောင့် ဆရာ့အမေးကိုလည်း ခေါင်းကိုငုံ့လျက်သာ ဖြေလိုက်ခြင်း။

အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}Where stories live. Discover now