"ဒီလူနဲ့ ဒီလူကို အားနာတယ်တဲ့လား၊ စိတ်မကောင်းဖြစ်သွားပြီ၊ အစ်ကိုကပဲ စိတ်ထဲ တစ်ဖက်သတ် အရမ်းခင်နေမိတာထင်တယ်၊ မိုးသောက်ကတော့ အဲ့လို မဟုတ်သလိုပဲ ...""ဗျာ ..."
မိုးသောက်အားနာသည်က အစ်ကို့ကို စိတ်မကောင်းဖြစ်စေဖို့ မရည်ရွယ်ပေမယ့် စိတ်မကောင်း ဖြစ်သွားသည့် အစ်ကိုကြောင့် မိုးသောက် ကြောင်တောင်တောင်လေး လှမ်းကြည့်လိုက်ပါသော်လည်း ထိုက်စံကတော့ မိုးသောက်ကို မကြည့်ဘဲ စားပွဲပေါ်ရှိ ရေဘူးထဲမှရေကို ဖန်ခွက်ထဲထည့်၍ သောက်နေလေသည်။ ထိုက်စံ ဖန်ခွက်ကို စားပွဲပေါ် ပြန်တင်လိုက်မှ မိုးသောက် စကားဆက်ပြောလိုက်၏။
"အဲ့လို မဟုတ်ပါဘူး အစ်ကို၊ ကျွန်တော်က မခင်လို့ အဲ့လိုပြောတာမဟုတ်ပါဘူး၊ တကူးတကကြီးဆိုတော့ အစ်ကိုလည်း အပြန်နောက်ကျမှာကို စိတ်ပူလို့ပါ"
မိုးသောက် စကားပြောနေရင်း အစ်ကို့ကို အကဲခတ်နေပေမယ့် အစ်ကိုက သူ့ကို ကြည့်ရုံသာကြည့်နေပြီး ဘာမှပြန်မပြောသည်ကြောင့် သူကပဲ စကားဆက်ပြောလိုက်တော့သည်။
"အဲ့လိုဆို အစ်ကို့စေတနာကို ကျွန်တော်က ကျေးဇူးတင်စွာနဲ့ပဲ လက်ခံပါ့မယ်နော် ... စကားလေးတော့ ပြန်ပြောပါဗျာ"
ထိုက်စံ စိတ်ထဲမှာတော့ အောင်ပွဲတစ်ခု ရလိုက်သကဲ့သို့ ကြိတ်ပြုံးကာ ၀မ်းသာနေပါသော်လည်း အပြင်တွင်တော့ -
"အင်း ... လက်ခံမယ်ဆိုပြီးရော၊ လုပ်စရာရှိတာ သွားလုပ်တော့၊ ညနေကျမှတွေ့မယ်"
မိုးသောက် အစ်ကို့နား နေချင်သေးသော်လည်း အစ်ကိုက နှင်နေပြီမို့ သွားရပေဦးတော့မည်။
"ဟုတ်ကဲ့ အစ်ကို၊ ကျွန်တော့်ကို စိတ်မဆိုးတော့ဘူးမဟုတ်လားဟင်"
"အင်း ..."
"ဟုတ် ... သွားလိုက်ပါဦးမယ်ဗျာ့"
ယခုတွင်တော့ အစ်ကိုက ခေါင်းတစ်ချက်သာ ညိတ်ပြသည်မို့ မိုးသောက်လည်း ရုံးခန်းထဲမှ မထွက်ချင်၊ ထွက်ချင်ဖြင့် ထွက်လာလိုက်တော့သည်။
" ရက်စ် !!! "
မိုးသောက် ထွက်သွားပြီးပြီးချင်း ကျန်ခဲ့သည် ထိုက်စံက သူ့လက်သီးကိုဆုပ်ကာ ပါးစပ်မှ အော်လိုက်ခြင်းဖြစ်သည်။ သူကြံရွယ်ထားသည့်ကိစ္စ ညနေကျ အကောင်အထည် ပေါ်တော့မည်လေ ...။
YOU ARE READING
အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}
Romance*** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** *** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** #ဒီ ဇာတ်လမ်းလေးကို unpublished လုပ်မည်မဟုတ်သလို စာအုပ်လည်း မထုတ်ပါ# Start date - Sep - 20 - 2022 End date - Dec - 20...