ရေချိုးပြီးစီးချိန်တွင်တော့ အတွေးလွန်ပြီး ရေချိုးခန်းထဲသို့ ဝင်သွားသည့်ခန့်က bathrobe မေ့နေခဲ့သဖြင့် ခန့် ခန္ဓာကိုယ်လေးပေါ်တွင် ရေစက်တို့ကလွဲ ဘာမှမပါဘဲသာ အပြင်သို့ ထွက်လာခဲ့တော့၏။"ဟင်!!!"
ခန့် အပြင်ရောက်ရောက်ချင်း ဗီရိုဆီသို့ သွားရာ ကုတင်ပေါ်တွင် ထိုင်နေသည့် ဦးလွင်အား တွေ့လိုက်ရ၍ လန့်သွားကာ လှုပ်ရှားမှုတို့ တုန့်ခနဲ့ ရပ်တန့်သွားပြီး ခေတ္တခဏမျှ အသက်ရှူဖို့ရန်ပင် မေ့သွားတော့၏။
ထို့နောက် ခန့် ချက်ချင်းဆိုသလိုပင် လက်ကလေးနှစ်ဖက်ကို ရှေ့တွင် ယှက်ကာ ခဏတာ ယောင်လည်လည်ဖြစ်ပြီးနောက်တွင်တော့ ခန့် ရေချိုးခန်းထဲသို့ သွားရန် ခြေလှမ်းတို့ကို နောက်ပြန်လှမ်းလိုက်၏။
ဒီအတိုင်း လှည့်ပြေးလျှင်လည်း ခန့် မက်မွန်သီးတို့က အတိုင်းသားပေမို့ပင်။
ဦးလွင်သည်တော့ ခန့်၏ ဒူးအထက် လက်တစ်ထွာခန့်လောက်က ညာဘက်ပေါင်၏ဘေးဘက်တွင်ရှိသော လက်နှစ်ဆစ်လောက် အရွယ်ရှိသည့် ကန့်လန့်ဖြတ် ပြဲနေသည့် ဒဏ်ရာကိုသာ စိုက်ကြည့်နေရင်း လှမ်းအော်လိုက်၏။
"ငြိမ်ငြိမ်နေ ထွန်းခန့်သော်တာ၊ မလှုပ်နဲ့!"
နောက်ပြန်လျှောက်နေ၍ ပက်လက်လန်လဲနေမှ ဒဏ်ရာထပ်ရမည်ကို ဦးလွင်မလိုလား။
ဦးလွင်အော်သံကြောင့် ခန့် ခြေလှမ်းတို့လည်း တုန့်ခနဲ။
ထို့နောက် ဦးလွင် ခန့်ဆီသို့သွားကာ ခန့်ရှေ့တွင် ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်၏။
ဖြန်း!!!
"ပြောတော့ ထိခိုက်မိတာ မရှိဘူးဆို၊ ဒါက ဘာလဲ!"
ဦးလွင် ခန့်၏ ဘယ်ဘက်တင်ပါးဘေးအား သူ့ညာလက်ဝါးဖြင့် တစ်ချက်ရိုက်ကာ ဒဏ်ရာကို မေးငေါ့ပြရင်း မေးလိုက်၏။ ခန့် ကိုယ်လေးက ရေစိုနေသည်ကြောင့် ဦးလွင် လက်တွင် ရေစက် အနည်းငယ်လည်းပါလာတော့သည်။
လေ့ကျင့်ခန်း မလုပ်ချင်သည့် ကလေးငယ်က ဦးလွင်ကို ကြောက်ရသည်ကြောင့် မလုပ်ဘဲ မနေရဲသဖြင့် အတော်အသင့် လုပ်ထားသဖြင့် ကြွက်သားတို့က ဦးလွင်လောက် မတောင့်သော်လည်း သူ့နေရာနှင့်သူ ရှိနေသည်မို့ ကြည့်ကောင်းလှပါ၏။
YOU ARE READING
အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}
Romance*** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** *** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** #ဒီ ဇာတ်လမ်းလေးကို unpublished လုပ်မည်မဟုတ်သလို စာအုပ်လည်း မထုတ်ပါ# Start date - Sep - 20 - 2022 End date - Dec - 20...